11/02/2008

ပဲထောပတ်


မတန်ခူးဘလော့ပြေးပြီးကြည့်ပြီးမှချက်တာပါနော်..
အိမ်မှာတကယ်ချက်တာ..
ဒါမယ့်..ပထမဆုံးချက်တာဆိုတော့..မတင်ရဲလို့..မတင်တာပါ
မကေအိုအမ်ရေ...

21 comments:

  1. တင်ပါ။ တင်ပါ။ ရဲရဲကြီး တင်ပါ။ အိုကေပုံရတယ်။ အရည်သောက်ကဘာလဲ။ ဟင်းမချက်တာနဲ့ အတော်ဘဲ။ တပန်းကန်လောက် ကမ်းလိုက်ပါကွယ်။ ကိုကာကိုလာနဲ့ဘဲ သောက် လိုက်စားလိုက် လုပ်ပတော့မယ်။ ထမင်းလဲမစားရသေး နေ့လည် ၂၃၀ မြန်မာစံတော်ချိန် ရှိပါပြီရှင်။

    ReplyDelete
  2. ဟေးးးးချက်နည်းလေး လုပ်ပါဦး

    ReplyDelete
  3. အလည်က မဲမဲလေး ၃ လုံးကဘာလေးတွေလဲဟင်၊ စပျစ်သီးခြောက်လား

    ReplyDelete
  4. မကေအိုအမ်ရေ...
    ဒိန်ချဉ်နဲ့တွဲစားတာ..
    ပူလွန်းလို့အရည်သောက်မချက်ဖြစ်ဖူး...
    ကြက်သားဟင်းနဲ့...ဘာလချောင်ကြော်နဲ့ပဲ...
    စန်ဒါလင်းရေ...
    မတန်ခူးကပုံနဲ့တကွချက်နည်းပြောထားတာ..သွားကြည့်နော်..
    မဲမဲလေးက စပျစ်ခြောက်ပါ...
    http://laynuaye.blogspot.com/search/label/%E1%80%85%E1%80%AC%E1%80%B8%E1%80%BB%E1%80%99%E1%80%AD%E1%80%94%E1%80%B9

    ReplyDelete
  5. ရှိသေးရင် နည်းနည်းကျွေးပါ ပေါက် ဘာလချောင်ကြော်လေးလည်း စားချင်တယ်

    ReplyDelete
  6. ပေါက်ရေ.. မဆိုးဘူးဟ.. ဖြစ်တယ်.. တို့ကတော့ စိတ်ကူးထဲမှာချက်နေတာ အတော်လေးကြာပြီ။ အမွှေးအကြိုင် ပစ္စည်းတွေက ရနေပြီ ဒါပေမယ့် ထောပတ်လိုနေတယ်.. ဘယ်လိုထောပတ်မျိုး ၀ယ်ရမှန်း မသိဘူးဖြစ်နေတယ်.. မတန်ခူးကတော့ Gee တဲ့.. ဒီမှာလည်း ရှာတာ ရှာမရဘူး... ပေါက်ချက်ထားတာ အဆင်ပြေမယ့်ပုံပဲ.. carry on ပေါက်ရေ... :D

    ReplyDelete
  7. နုရေ..အဆင်ပြေမယ့်ထောပတ်သာထည့်ချက်လိုက်ပါ
    ဟီးး
    ပေါက်ဒီနေ့သုံးတာက
    Allowrie '' တဲ့new zealand butter
    မွှေးပါတယ်..
    နိနိရေ....များများရှိသေးတယ်..အားမနာနဲ့နော်..

    ReplyDelete
  8. ညီမ ပဲအ၀ါ အစား Garden Pea ကို ပြုတ်ပြီးမှ ထဲ့ရောရင် အဖြူ အစိမ်းနဲ့ တမျိုးလှတယ် အမကိုသင်ပေး တဲ့ အမကတော့ ပဲအစိမ်းရောင်သုံးတယ်။
    saundoo@gmail.com လေပေါကြရအောင်နော်

    ReplyDelete
  9. ချက်ရင် ကုလားပြည်က ဂီး ထောပတ်ကိုဘဲရွေးပါ။ သြစတြေးလျ ဂီး ဆိုတာ အနောက်နိုင်ငံ ထောပတ် အနံ့ဘဲ ရတယ်။ စလုံးတုန်းကတော့ ကုလားတွေကို မေးပြီး Raav ဆိုလားဘဲ အဲဒီထောပတ်ကို ရွေးချက်တာ အလွန်မွှေးပါတယ်။

    ReplyDelete
  10. ဆရာမရေ..
    ကျေးဇူးပါ..
    ပေါက်တို့လည်းမချက်ဖူးဘူး..
    ဒါ ပထမဆုံး...မတန်ခူးဖက်မှာတင်ထားတာတွေ့ကတည်းက
    ချက်စားချင်နေတာ..
    gtalk မှာaddထားလိုကိပြီနော်..

    ReplyDelete
  11. လာလည်တယ်ဝေး။

    ReplyDelete
  12. အင်းဗိုက်ဆာတာ နဲ့ အတော်ပါပဲ ပေါက်ကြီး ရာခုလောက်ဆိုကုန်ရောပေါ့ ချန်ထားတာများရှိရင် အသစ် ချက်ကျွေးပါဦး .. ပဲ ဆိုမှ ဗရာကြော် သတိရတယ် ကိုယ် တိုင်လုပ်ပြီးမှ ပဲ တင်တော့မယ် ကွာ... နက်ဖြန်ပေါ့ .မဟုတ်ဘူးလား.. ဟဲဟဲ..

    ReplyDelete
  13. အင်း..ပဲထောပတ်၊ ပဲထောပတ်..။
    မတည့်ပြန်ဘူး။
    ခေါင်းငိုက်စိုက်နဲ့ ပြန်လှည့်သွားပြီ။ :(

    ReplyDelete
  14. စားချင်စဖွယ်

    ဆန်လေးကကော့နေတာပဲ
    ဒီမှာဆန်က ရှမ်းဆန်လိုမျိုး တမျိုးပဲ ရှိတယ်။
    ယိုးဒယားဆန်ကျတော့ ပိန်၂သွယ်၂ ရှည်၂ကြီး

    ReplyDelete
  15. ကဖြိုး...ဘယာကြော်ပို့ပေး..
    မချိုသင်းရေ...
    ထောပတ်လျှော့ထည့်ထားတယ်..
    စားပါနော်...ပြီးရင် ဂရိတ်ဖရုသီးဖျော်ရည်တခွက်သောက်လိုက်
    ဘာမှကြောက်စရာမရှိတော့ဘူး(အိမ်က အမေဆို
    အဲ့လိုစားတာ..ဟီးဟိ)
    နန္ဒာရေ...အ၀စားသွားနော့...
    မြတ်နိုးရေ..
    ပေါက်ချက်တာလဲ...ထိုင်းဆန်နဲ့ချက်တာပဲ..
    ရေလျှော့ထည့်ချက်တယ်...
    ချက်ကြည့်ပါနော်..

    ReplyDelete
  16. မပေါက်....
    စားချင်လိုက်တာဗျာ....။
    အနေကလဲမနီးဘူး....။
    ထူးထူးဆန်းဆန်းစားချင်ရင် ကျနော်ဘဲ ချက်ရတာ...
    မဒမ်ဆူးက သိပ်မထွင်ဘူး...။

    ReplyDelete
  17. ကိုသစ်နက်ဆူး
    ပြောပြောစောတာမဟုတ်ဖူး..
    ဒီအိပ်ခ်ျပေါက် နဲ့ပို့လိုက်မှာပေါ့...ဟီးး(အယ်လ်မဟုတ်)
    စတာပါ။။

    ReplyDelete
  18. ဟီးဟီး..
    ပဲထောပတ်စားချင်ပြန်ပြီ။း)
    ပေါက် ရေ..အရင်တခါ ကတည်းကလာလည်တာ ၀င်
    မရလို့နော်.အခုမှပဲ ရောက်ပါတယ်ရှင်။
    လာလည်ပြီးနှုတ်ဆက်သွားတာ.. အရမ်းကျေးဇူးတင်ပါ
    တယ်နော်။ ဒါနဲ့ Sin dan lar အိမ်ကိုလဲသွားချင်တာ
    လေ..ဘယ်လိုသွားရမှန်းမသိ..၀င်လို့မရလို့။ သူလဲ
    သဘောကောင်းပြီး..ချစ်စရာကောင်းတယ် ဟီးဟီး.
    မီးမီးလည်း ပဲထောပတ်ထမင်း ချက်စားဦးမယ်။း)
    ကျေးဇူးနော်. (မ) ပေါက်.

    ReplyDelete
  19. ပေါက်ရေ... ဘလော့ရှိတာသိဝူးအေ..
    ဒီနေ့မှ မခင်ဦးမေဆီက ကူးလာတာ..
    ပဲထောပတ်ထမင်းတော့ ကြိုက်သွားပီ..

    ReplyDelete
  20. မ၀ါရေ...
    အခု ၀င်လာလို့ရသွားပြီဆိုတော့...အမြဲလာပါနော်..
    ဆင်ဒဏ်လား ကအလှပြင်နေလို့ ဘယ်သူ့မှပေးမ၀င်ဘူးတဲ့...ဟိ
    ကူးကူးရေ...
    ပေါက်ဘလော့ကစုတ်ချာချာလေးမို့..
    မပြောပြရဲတာပါ...
    ကူးကူးလေး...မေမြို့ရောက်ရင် ပုံတွေအများကြီးရိုက်ခဲ့နော့...

    ReplyDelete