ကိုရီးယားပဲငပိဟင်းရည်







ကဲ..
စိတ်ညစ်တာလည်း..ညစ်တာပေါ့..
အစားကတော့အပျက်ခံလို့မဖြစ်သေးဘူး။။(ဟီးး)
ဒီနေ့..နဲနဲနေမကောင်းဖြစ်ချင်တာနဲ့ ပူပူလောင်လောင်စပ်ဟင်းရည်
ချက်စားဖြစ်ပါတယ်။။ ကိုရီးယားပဲငပိ(soya bean paste) ဟင်းရည်ပါ။။
ကိုယ့်သူဌေးမက ကိုရီးယားတရုတ်ဆိုတော့ ကင်မ်ချီးတို့..ကိုရီးယားဟင်းတို့
မပါရင် ထမင်းမစားတတ်ပါဘူး။။
ကိုရီးယားပဲငပိဟင်းရည်ပါဝင်သောပစ္စည်းများ...
၁)ကြက်သွန်နီပါးပါးလှီးထားပါ။ ကြက်သွန်ဖြူဓါးပြားရိုက်ပြန်စိပ်ထား
ငြုပ်သီး၅..၆ တောင့်လောက်ဓါးပြားရိုက်ထား။ ဂျင်းတစ်တက်လောက်အပြားလှီးထား
ကိုရီးယားပဲငပိ ထမင်းစားဇွန်း၂ဇွန်းမောက်မောက်ကော်ထားပါ။
၂) ပင်လယ်ခရုကို သဲအန်ထုတ်ထားပါ။။(ခရုကို ရေများများနဲ့စိမ်ထားတာကိုပြောတာပါ)
၃) မုန်ညှင်းဖြူအပင်သေးသေးတစ်စီးကိုရေဆေးပြီး အနေတော်လှီးဖြတ်ထားပါ။။
အိုးတစ်လုံးထဲမှာ ရေအသင့်ထည့်ပြီး ၁)မှာပါဝင်ပစ္စည်းအားလုံးထည့်ပါ။။
ငါးသေးသေးအခြောက်ရှိရင်ရေဆေးထည့်နိုင်ပါတယ်။။(ကျွန်တော်ကထည့်ဖို့မေ့သွားလို့)
ရေဆူလျှင် မီးမျှင်းမျှင်းနဲ့ နာရီဝက်ကြာအောင်တည်ထားပါ။။ ပြီးလျှင် ၃)မုန်ညှင်းဖြူ
ကိုထည့်ပါ။။ အိုးဖုံးအုပ်ထားပါ ။။ရမိနစ်လောက်ကြာလျှင် ၂)ပင်လယ်ခရုကိုထည့်နိုင်ပါပြီ။။
ပင်လယ်ခရုထည့်ပြီး ၂မိနစ်ကြာလျှင်မီးပိတ်နိုင်ပါပြီ(ခရုကိုကြာကြာချက်လျှင် ရင့်သွားတတ်ပါတယ်)
ကြက်သွန်မြိတ်ရှိရင် ပါးပါးလှီးပြီးထည့်စားနိုင်ပါတယ်။။ပဲပြားလည်းထည့်ချက်နိုင်ပါတယ်။။
(ပင်လယ်ခရုမကြိုက်ရင် အမဲသားပြားထည့်ချက်နိုင်ပါတယ်။။)

ကင်မ်ချီး ၀ယ်ထားတာရှိရင်တွဲဖက်စားသုံးနိုင်ပါတယ်။။ပိုလိုက်ဖက်တာပေါ့နော့။။
နောက်ဟင်းတစ်မျိုးက မြန်မာနာမည်မေ့နေလို့(ဒန့်ဒလွန်မဟုတ်ပါဘူး)
ခရမ်းချဉ်သီး ပုဇွန်ခြောက်နဲ့ ကြော်ထားတာ။ ကြက်သွန်ဖြူနဲ့ ငြုပ်သီးလည်းပါတယ်။။
ချွဲပျစ်ပျစ်နဲ့။။ နာမည်မေ့နေလို့..အဟီးးခွင့်လွတ်ပါ။။

13 comments:

ရုံးပတေသီးလို့ ခေါ်ပါတယ်ရှင်။

ရုတ်တရက်..ဘာပါလိမ့်လို့။ ရုံးပတီသီးကို မဆလာလေးနဲ့ ကြော်စားလဲ ကောင်းတယ်သိလား။

သူကလဲ ဟင်းတွေ ချက်ပြပြန်ပြီလား။ အားငယ်ရတဲ့အထဲ..။ :)

မကေအိုအမ်ရေ...
ကျေးဇူး..
သိတော့သိတယ်..ပါးစပ်ဖျားတင်မေ့နေလို့..ဟီးး
မမွန်ရေ..
မဆလာနဲ့မကြော်စားဖူးဘူး။။
ဘာထည့်ရသေးလဲ..
မချိုသင်း..
အားမလျှော့ပါနဲ့...ကျွန်တော်တောင်
နိုင်ငံခြားရောက်ရောက်ချင်းမချက်တတ်သေးပါဘူး
တဖြေးဖြေး..ဒီလိုပဲသင်ယူရတာပဲ..(ဟဲဟဲ..ဆရာကြီးလေသံနဲ့)

ပြန်ရောက်ရင် ချက်ကျွေး.. :(

ငါလည်း နေမကောင်းဘူး
အဲဒီ ချဉ်စပ် ဟင်းရည် သောက်ချင်တယ် ။

ပေါက်ရေ နေကောင်းလား။ ဒီကတော့ နေကောင်းတယ်။ ဒါပေမယ့် ချဉ်စပ်ဟင်းလေးသောက်ချင်တယ်။

ပေါက်ရဲ့ ချဉ်ရည်ဟင်းလေးက အတော်ထိမယ့်ပုံပဲ… တို့ နဲ့ တော့ မတည့်ဘူး…
တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာလဲ ရုံးပတီသီးနဲ့ ပုဇွန်ခြောက်နဲ့ ကြော်တယ် သိလား… မေမြို့ သူကြီးက ရုံးပတီသီးကို မေ့ရတယ်တဲ့လား….

မနိုင်း..ချက်ကျွေးပါ့မယ်..
မိဇင် ကိုယ့်ဖာသာကိုယ်ချက်စား..
နိနိလေးနဲ့ မတန်ခူး..ဒီပဲငပိဟင်းရည်က
မချဉ်ဘူး..အချဉ်မပါဘူး..ပူလောင်ပြီးစပ်တာ
ဂျင်း။ငြုပ်ပဲပါတာ။။
မတန်ခူးရေ..ငြုပ်သီးလျှော့ထည့်ချက်ရင်
ရတာပဲလေ..

ရုံးပတေသီးကြော် စားသွားပါသည်။
ချွဲပြစ်ပြစ်ပေမယ့် ကြိုက်တယ်။

ပေါက်ရေ.. ဟိုရက်တွေကတည်းက comment ရေးချင်တာပါ။ မအားလို့ ဖတ်ရုံတင်ဖတ်ပြီး ပြန်သွားရတယ်.. ကိုရီးယားပဲငပိဟင်းရည်ဆိုတော့ စိတ်ဝင်စားဖို့ကောင်းသားပဲ ပေါက်ရေ.. ဒီမှာတော့ ခရုမျိုးစုံတွေ့တယ်.. မလုပ်တတ်လို့ ဘာမှ လုပ်မစားဖြစ်ဘူး.. အဲဒီလောက်အထိ အပျင်းကြီးတာ.. ပေါက်ချက်ထားတာမြင်တော့လည်း စားကြည့်ချင်သား... :D