အတိတ်ကိုလွမ်းဆွတ်ခြင်း

သူငယ်ပြန်တာတော့မဟုတ်ရပါဘူး...
အတိတ်ကို အခုတလောအလွန်သတိရနေမိတာပါ။။
ကိုယ့်ရဲ့ ပထမဆုံးဘိုသီချင်းအခွေက Bon Jovi ဖြစ်မယ် ထင်တယ်..
အဲ့တုန်းက ၈တန်း ..၉တန်း...၁၀တန်း...
နောက် Gun n Roses , Aerosmith , Mr Big ,Poison , Motley Crue, Def Leppard
U2 ,Bryan Adams, Police စသဖြင့်ပေါ့...
နောက်ရှိအုန်းမှာပါ...မေ့သလောက်ဖြစ်ကုန်ပြီ..
Bon Jovi မပါမဖြစ်ပါရတာပေါ့လေ...
Bon Jovi ရဲ့ Bad medicine ,I'll be there for you, you give me a bad nameပါတဲ့
အခွေဆို သီချင်းစာသားတွေ သူငယ်ချင်းတွေဆီက အပြန်အလှန်ကူးလိုက်ရတာ အမော..
အမေကဆို...အဲ့လောက်ကျောင်းစာမှာကြိုးစားရင်ဘယ်လောက်ကောင်းမလဲတဲ့..ဟီး
သီချင်းစာသားအပြန်အလှန်ကူးကြတဲ့သူငယ်ချင်းတွေက ယောင်္ကျားလေးသူငယ်ချင်း
တွေချည်း ။။ မောင်လေးသူငယ်ချင်းတွေလည်းပါတာပေါ့ ။မိန်းကလေးသူငယ်ချင်းတွေရဲ့
မောင်တွေ အစ်ကိုတွေလည်းပါတယ်။။
ဟုတ်လည်းဟုတ်မှာပဲ ။ဒီလိုပေါက်ကွဲတာများတဲ့သီချင်းတွေကို ဘယ်မိန်းကလေးတွေက
ခံစားနားထောင်နိုင်မှာမို့လဲ ။ ပစ်ကနစ်ထွက်ကြရင် ယောင်္ကျားလေးသူငယ်ချင်းတွေက
ပေါက်...Bad medicene ချကွာ...လို့ ပြောကြတယ်...
ဟ....ငါဘယ်ဆိုနိုင်မှာလဲ...ဘယ်ဆိုတတ်မှာလဲ...ငါ့ကိုဂျောက်မချနဲ့ဟေးး...လို့ပြန်ပြောမြဲ
သူတို့ကလည်းသိတယ်..ကိုယ်မဆိုနိုင်မှန်း။။
အိမ်မပြင်ခင်က ကိုယ့်အောက်က မောင်လေးနဲ့ တစ်ခန်းတည်းတူတူနေရတယ်..
အခန်းကျဉ်းလေးပေါ့....အဲ့ဒီအခန်းကျဉ်းလေးထဲမှာပဲ ဒီသီချင်းတွေကို ပေါက်ကွဲစွာ။
ဆူညံစွာ နားထောင်ဖြစ်ကြတယ် ။ရီစရာကောင်းတာက သူကြိုက်တာကို ကိုယ်ကလည်း
ကြိုက်တာပဲ ။ကိုယ်ကြိုက်တာကိုလည်း သူလည်းလိုက်ကြိုက်တာပဲ ။။အဲဒါက ငယ်ငယ်တုန်းက။
အခုတော့....
ဟိုတလောက သူ့နဲ့ အွန်လိုင်းမှာအတွေ့များတော့ သီချင်းတွေအကြောင်းပြောမိပါရော..
အဲဒီမှာ စတော့တာပါပဲ ။သူနဲ့ ကိုယ် လိုင်းကွဲနေပြီလို့ ။အမှန်က သူလိုင်းကြောင်သွားတာ
ဟီဟိ ...ကိုယ်ကလည်း Rockမှ Rockမဟုတ်တော့ဘူး။။
Hip-Hop, Alternative, Pop, Jazz စသဖြင့် မြူးဇစ်မှန်သမျှ အကုန်လိုလို နားထောင်တော့
တာပါပဲ ။။ သူနားထောင်နေတဲ့ အဆိုတော်တွေထဲက တစ်ဝက်လောက်က ကိုယ်မသိဘူး။။
လွမ်းဆွတ်မိတဲ့သီချင်းလေးတစ်ပုဒ်စ နှစ်ပုဒ်စ ဘေးမှာတင်ပေးမယ်နော်...
နားထောင်ကြည့်ကြပါ။။ မိန်းကလေးတွေတော့ ကြိုက်မယ်မထင်ပါ။။
နောက်မှ ကိုယ်ကြိုက်တဲ့မြန်မာအဆိုတော်တွေ ကိုတင်ပေးပါ့မယ်။။


3 comments:

ပေါက်ပြောသလိုဆိုရင် တို့လည်း လိုင်းကြောင်နေပြီ ထင်ပါရဲ့.. :D ဒါမှမဟုတ် ခေတ်နောက်ကျတာလည်း ဖြစ်နိုင်တယ် ပေါက်ရေ.. အခုခေတ် Hip Hop ဆိုလည်း တို့နဲ့ သိပ်မကိုက်တော့ဘူး.. နားထောင်လို့ မတတ်တော့တာလား မသိဘူးရယ်.. Pop လောက်တော့ ရသေးတယ်.. အင်္ဂလိပ်သီချင်းဆိုလည်းလေ michael learns to rock တို့ Air Supply တို့ နောက် long long ago ကသီချင်းတွေပဲ နားယဉ်တော့တယ်... အဖွားကြီးဖြစ်နေပြီ ပေါက်ရဲ့.. :D

အဟီးး
နုရေ...
မောင်လေးနားထောင်တဲ့ rockerအသစ်တွေကို
တကယ်မသိလို့ပါ...
နုက အဖွားကြီးဖြစ်တာမဟုတ်ဖူး..
ပေါက်က သူငယ်ပြန်နေတာပါ...ဟားဟား
Air Supply ကိုလည်းကြိုက်ပါတယ်..အခုထိ

Bon Joviကိုကြိုက်တယ်..။ စကားမစပ်..မွန်နဲ့မနုနဲ့အတော်အကြိKက်တူတယ်နော်။