မကြိုက်ခြင်းများ



လူတွေမှာ မကြိုက်တာတွေရှိတတ်တယ်..
တစ်ချို့က အချိုမကြိုက်ဖူး။ တစ်ချို့က အငန်မကြိုက်ဖူး ။ တစ်ချို့က သနပ်ခါးမကြိုက်ဖူး ။
တစ်ချို့ကျတော့ သစ်သီးမကြိုက်တာ ။တစ်ချို့များကျတော့ ဟင်းသီးဟင်းရွက်မကြိုက်တာ။
ဟစ်ပ်ဟော့ မကြိုက်သူ ။ ရော့ခ်မကြိုက်သူ ...စသဖြင့်ပေါ့....။။

နိနိလေးက ငါးမကြိုက်ဖူး ။ ကျောက်ကျောမကြိုက်ဘူး..တဲ့။။
အိမ်က မောင်အကြီးကလည်း ငါးမကြိုက်ဘူး။ သူအခု အဝေးမှာနေနေရတော့
သူတို့ကိုဟင်းချက်ပေးတဲ့ အဒေါ်ကြီး ငါးဟင်းချက်မှာ သေမတက်ကြောက်နေလေရဲ့ ။။
အခွင့်ကြုံတိုင်း အိမ်ကို အမဲသားခြောက်မှာတယ် ။ ဘာလချောင်ကြော်မှာတတ်တယ်။။
မချိုသင်းကတော့ အချဉ်မကြိုက်တာထင်ပါတယ်( တစ်နေရာရာမှာဖတ်လိုက်ရသလားလို့..
မှားရင်ဆောတီးနော်..)
ရင်းနှီးခဲ့တဲ့သူငယ်ချင်းတစ်ယောက်ကတော့ ခေါက်ဆွဲမကြိုက်ဘူး ။လက်ဖက်မကြိုက်ဘူး။။
နောက်သူငယ်ချင်းတစ်ယောက်ရဲ့အစ်မဆိုလည်း လက်ဖက်ကို လုံးဝမကြိုက်တာ။ဒါကို ကိုယ်ကမနေနိုင်
စွာနဲ့ ဘာလို့မကြိုက်တာလဲ လို့ အတင်းရအောင်မေးတတ်ပါတယ်. ။ ပြီးတော့သူ့ကိုလည်း အတင်းစားခိုင်းပါတယ် ..ဟီး(ဆိုလိုတာက မကြိုက်တဲ့လူတွေသတိထားနော်. အတင်းကျွေးပလိုက်မှာဗျ။)

အလုပ်မှာတူတူလုပ်တဲ့အစ်မဆိုလည်း ခေါက်ဆွဲကိုမုန်းပါသတဲ့ ။အမဲသားအနံ့မခံနိုင်ပါဘူးတဲ့။
ဆိတ်သားဆို ညှီလွန်းတယ်ဆိုပဲ ။။

ကိုနိက ဟင်းချက်ရမှာ မကြိုက်ဘူးဆိုပဲ(နိနိလေးပြောတာ) ။တခြားသူတွေ ဘာမကြိုက်ဘူး
လဲဆိုတာ မသိလို့ မရေးတော့ပါဘူး။။

ကျွန်တော်ကိုယ်ကျွန်တော်ကတော့ ချေးမများဘူး ထင်နေတာ ပြန်စဉ်စားကြည့်တော့..
ကျွန်တော် ခရမ်းသီးမကြိုက်ဘူး။ ဖရုံသီးလဲမကြိုက်ဘူး ။ ဆားလေးတာမကြိုက်ဘူး၊ အချိုမှုန့်မကြိုက်ဘူး ။ဆီတိုဖူး မကြိုက်ဘူး ။ပဲပြားမှိုတက်(ရှမ်းပြည်မှာပဲရှိပါတယ်)
မကြိုက်ဘူး ။ တရုတ်နံနံမကြိုက်ဘူး ။ရိုးရိုးနံနံပင်ကိုတော့ အရမ်းကြိုက်ပါတယ်။။
လက်ဖက်ရည်ချိုကိုလည်း မကြိုက်ပါဘူး ။(ငယ်ကတည်းက လက်ဖက်ရည်ဆိုင်နဲ့ ဘေးချင်းကပ်
ရက်နေလာတာတောင်မှနော်..)

ရီစရာပြောရဦးမယ်..ဆားလေး တာသာမကြိုက်တာ .. ကျွန်တော်က ငပိ ။ငန်ပြာရည်တော့ ကြိုက်သဗျ၊ ဒါပေမဲ့ ဆီတိုဖူး တို့ ပဲငပိတို့မကြိုက်တော့
သူငယ်ချင်းတွေက ကျွန်တော့်ကို ဗမာမ တဲ့..ဒါပေမယ့် ခရမ်းသီးနဲ့ ဖရုံသီးကိုတော့
သူများချက်ရင်တော့ စားပါတယ် ။။(ပျင်းတာကိုး ဟီးဟီး)

12 comments:

သူများတွေမကြိုက်တာ ရေးတော့ တို့လည်း မကြိုက်တာတွေ ဖြည့်ရေးလိုက်တယ်.. အဟီး... တော်တော်များများ ပေါက်နဲ့ တူတယ်..
တရုတ်နံနံပင် မကြိုက်ဘူး။
လဘက်ရည်မကြိုက်ဘူး။
ဆီတိုဖူးလည်းမကြိုက်ဘူး။
ပဲငါးပိလည်း မကြိုက်ဘူး
ဖရုံသီးလည်း မကြိုက်ဘူး။ ဖရဲသီးတော့ကြိုက်တယ်..
ကြက်ဟင်းခါးသီးမကြိုက်ဘူး..
အခုတော့ နည်းနည်းချင်း စားလာနိုင်ပြီ။
အရင်တုန်းကဆို မကြိုက်တာအတော်များတယ်.. အခုတော့ ငတ်လွန်းလို့ တဖြည်းဖြည်းကြိုက်လာတယ် ပေါက်ရေ.. အလဲ့..ပါးစပ်က တခါတလေများဆို ရန်ကုန်မှာ မကြိုက်လို့ မစားတဲ့အစားအစာတောင် တောင့်တတယ်.. ဟိုဟာလေး စားချင်ရတာနဲ့ ဒါလေး စားချင်ရတာနဲ့.. အော်..ပြောရင်းနဲ့ ကိုယ့်ကိုယ်ကိုတောင် သနားလာပါပြီ.. :D :D

ဖရုံသီးလည်း မကြိုက်ဘူး ပေါက်ရေ။ တရုတ်နံနံတော့ ကြိုက်တယ်။ အချိုမှုန့်လုံးဝမ၀ယ်တာတော့ ဒီရောက်ကတည်းကပဲ။ ဆီတို့ဟူး ပဲငါးပိတော့ နည်းနည်းစားတယ်။ ငါးတော့ ဘယ်လိုမှ စားလို့မရ။ အမဲသားအကြော်ဆိုရင် ကြိုက်တယ်။ ဆမူဆာတို့ အပေါင်းကြော်တို့ဆို ဘယ်ချိန်စားစား ကြိုက်သား။
ကိုနိကတော့ ၀က်သားခရမ်းသီး ဘယ်လိုချက်ချက်ကြိုက်သတဲ့။ ကြိုက်ချင်းမကြိုက်ချင်းမတူတွေနဲ့ အိမ်ထောင်ရှင်မတွေဆို ဟင်းအမျိုးမျိုးခွဲချက်ရဆိုပဲနော်။ ငါးပိကြိုက်လို့တော်ပါသေးရဲ့။ မဟုတ်ရင် နိနိက ငါးပိစော်နံတယ် အပြောခံရမှာ။

ကျနော်က အချက်အပြုတ်လုပ်ရတာသာ မကြိုက်တာ (အခုတော့ အချက်အပြုတ်တောင် ဝါသနာပါလာပြီ) မကြိုက်တဲ့ အစားဆိုတာ မရှိသလောက်ပဲ..
အခု မကြိုက်တာပြောဆိုတောင် ဘာပြောရမှန်းမသိ ဟ ဟ
ဒါကြောင့် အစုံစား၊ အလွန်ဝ
း)

သူများတွေက မကြိုက်တာရေးတော့ တို့က ကြိုက်တာတွေကို ရေးလိုက်မယ် အဟဲ။

တို့အမျိုးသားက အချို ကြိုက်တယ်..ဘာဖြစ်လို့လဲဆိုတော့ တို့က “ချို”သင်းလေ..။
တို့ကတော့ အကြော် ကြိုက်တယ်..
သူ့နံမည်က “ကျော်”၀ဏ္ဏလေ..

ဆိုင်လားတော့ မသိဘူး အဟီး..။
ခင်လို့ ပျော်စရာ လာရေးတာ။

ဟီးဟိ..
ရီရတယ်..မချိုသင်းရဲ့..
တရုတ်လိုဆို..မချိုသင်းဟာသက cool
လို့ပြောတယ်..တမင် ဇွတ်လုပ်တယ်ပေါ့..
ဘာပဲဖြစ်ဖြစ်..ရီရတယ်..ကျော်မိုးချိုဝဏ္စသင်းရေ..
နုရေ..
အံ့သြစရာ...မကြိုက်တာတွေတူနေတယ်...
နိနိရေ..
နိနိက ငါးဟင်းချက်တဲ့နေ့ကလည်း မကြိုက်ဖူးပြော..
ကျောက်ကျောလဲမကြိုက်ဆိုတော့..
ရေးစရာတစ်ခုတိုးသွားတာပေါ့..ဟီးဟိ
ကိုနိ...နိနိလေးချက်တတ်ရင်တော်ရောပေါ့...

ငါကတော့....
မကြိုက်တဲ့ဟာ ဆိုတာ..
အင်း....
အခါး အရသာကို နည်းနည်းမကြိုက်ဘူး..
ထန်းလျက်ကို မကြိုက်ဘူး (အညာသားကွ)
ချိုလွန်းအီလွန်းရင်း မကြိုက်ဘူး
ဒူးရင်းသီး မကြိုက်ဘူး
သကြား၊ကြံသကာ မကြိုက်ဘူး.
အမဲသား မကြိုက်ဘူးရယ်
နောက်တော့.....
ကြိုက်တာလေးတွေကတော့....
အထူးသဖြင့် လတ်လတ်ဆတ်ဆတ် စိမ်းစိမ်း စိုစို အရွက်ကြော်လေးတွေ၊
ကျန်တာကတော့ ...လူတို့ စားသမျှ ကောင်းတယ်လို့
စားဖူးသူတွေ ပြောသမျှတော့ လိုက်စားကြည့်လိုက်တာပါပဲ

ပေါက်...
လာလည်ရင်းအားပေးစကားလေးထားခဲ့ တဲ့ အတွက် ပြန်လိုက်လည်ပြီး...
မကြိုက်တူတာလေးပြောပြခဲ့ မလို့ ...
တရုပ်နံနံ လုံးဝမကြိုက်ဘူး....
ဘယ်တော့မှလဲ ပြန်ကြိုက်မှာ မဟုတ်ဘူး...
လက်တွဲဘို့ လဲ မစဉ်းစားဘူး...
အဲဒီလောက်ကို မကြိုက်တာ...။

ဟုတ်မယ် ဟုတ်မယ် ကြားဖူးတယ် (တရုတ်) နံနံ ကိုတော့ ဘယ် ကောင်လေး ဘယ်ကောင်မလေး မှ မကြိုက်ဘူး။ ရေ မချိုး ကြဘူးလေ အေးတာကို ဟိး

နာရေးမယ်ကြံရင် သူ(ကိုဖြိုး)က ရှေ့ကရောက်ရောက်နေတယ်..
အရင်တစ်ခါလည်းကြောက်တာတွေ မရေးလိုက်ရဘူး...
ခုလည်း......................:((((((
သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်......

အင်း. နိုင်းမကြိုက်တာကတော့ သခွါးမွှေး. အသီးထဲမှာပေ့နော်.
အဟီး. ရှားတာ. မကြိုက်တဲ့ အစာကလည်း.

မမွန်ကတော့ ပေါက်ပေါက်ဆုပ်..ကြိုက်တယ်..အဟဲ။

အညာကဆိုတဲ့ မိဇင်..
ရော့..ကျောက်ပန်းတောင်းတစ်ခွက်...
ကိုသစ်နက်..
လာလည်တဲ့အတွက်ကျေးဇူးပါ..
ကျွန်တော်တရုတ်နံနံကိုမကြိုက်တာ ကိုသစ်နက်အောက်မလျှော့ပါဘူး..
(အဟီးး)
ကဖြိုး ..ရှမ်းနံနံဆိုရင်ကော..ဟီးး
စန်ဒါလင်းရေ...
စန်ဒါလင်းး
မနိုင်းရေ..
မနိုင်းဖက်မှာသခွားမွေးသွားပို့ထားတယ်..
မမွန်က ပေါက်ပေါက်ဆုပ်ကို ကြိုက်သတဲ့လားကွယ်..ငှဲငှဲ