10/30/2008

ကြာဇံသုတ်



ဒီနေ့ ကြာဇံသုတ်လုပ်စားဖြစ်ပါတယ်..
ကျွန်တော်တို့ ရွာကကြာဇံသုတ်ပေါ့။။
ကြာဇံရေစိမ်ပြီး ပြုပ်ပြီးရေစစ်ထား။။ ကြက်သားခရမ်းချဉ်ကော်ရည်။နှမ်းထောင်းဆီချက်
ငြုပ်သီးဆီချက်။ ခါကျက်ဥအမျှင်ခြစ်ထား။ကြာညို့အငန်။ရှာလကာရည်+သံပုရာသီး
သကြားအနည်းငယ်။မြေပဲမညက်တညက်ထောင်း။နံနံပင်..စတဲ့အစာတွေနဲ့သုတ်ပါတယ်။။
ကျွန်တော်တို့အမျိုးတွေ ထမင်းစားဖိတ်ရင် အသုတ်အနေနဲ့ လုပ်တတ်တဲ့ ဟင်းတစ်မျိုးပေါ့။။
ကြက်သားခရမ်းချဉ်ကော်ရည်နေရာမှာ အမဲသားသုံးတာပိုများပါတယ်။။
အော်စွန်းရှိရင် စိတ်ပြီးရေစိမ်ထဲ့သုတ်စားလည်းကောင်းတာပဲ။။
သုံးဆောင်ကြပါနော်..အားမနာပါနဲ့...။။
ရိုက်ထားတာ ပုံနှစ်ပုံက အရောင်မတူလို့ နှစ်ပုံလုံးတင်လိုက်ပါတယ်။။

10 comments:

  1. စားသွားပါသည်။

    ReplyDelete
  2. ကြာဇံက ပဲကြာဇံလား၊ ဆန်ကြာဇံလား ပြောအုံးလေ။ တော်ကြာ မှားပြုတ်နေမိအုံးမှာ။
    ဒီက နာလန်ထစ မို့ ပိုစားတယ်နော်..
    (တကယ်က နာလန်ထထ မထထ စားတာက စားတာပါပဲ)

    ReplyDelete
  3. တို့ကတော့ ဘာကြာဇံနေနေ - ဘယ်လို ချက်ချက် စားတယ်ပေါကရေ...
း)
    ဒီကို ၂ ပွဲပူးပေးပါဗျို့...
    မမမိုးချိုးသင်းဆီက လုရမယ့်ပုံပေါ်တယ်နော်..
    ကိုဇနိ

    ReplyDelete
  4. ခါကြက်ဥ= မုန်လာဥနီ၊ ကြာညို့= ပဲငံပြာရည်
    အော်စွန်း ဆိုတာဘာလဲဟင်.....

    ReplyDelete
  5. မကေအိုအမ်ကအကြီးဆိုတော့..အရင်စားရမှာပေါ့..
    မချိုသင်းရေ..ပဲကြာဇံပါ...
    နာလန်ထူခါစ အစားတွေလျှောက်မစားရဘူး...
    ကိုနိရေ...နိနိလေးအတွက်ပါယူသွားပါ...
    စန်ဒါလင်းရေ..
    အခုလုပ်ထားတာ အော်စွန်းမပါဘူးလေ..
    ရှိရင်ထည့်လို့ပြောတာပါ..
    မုန်လာဥလို အော်စွန်းဥပါ...နောက်တွေ့လို့ဝယ.်ဖြစ်ရင်
    တင်ပေးပါ့မယ်..

    ReplyDelete
  6. သူများတွေ မေးပီးသွားလို့ မမေးတော့ဘူး.. ဆန်ကြာဇံလား ပဲကြာဇံလားးးးဆိုတာ..
    ဘာလို့ဆို အမက ကြာဇံသုပ်ဆို ကြိုက် ကြိုက်။

    ReplyDelete
  7. ခုမှပဲ အေးအေးဆေးဆေး အသုပ်လာစားသွားတယ် ပေါက်ရေ

    ReplyDelete
  8. အော်စွန်းကို မျှော်နေမယ်နော်။

    ReplyDelete
  9. E ကြာဇံသုပ် စားသွားပါသည်။

    SMNTL

    ReplyDelete
  10. ချဉ်ငံစပ်လား ပေါက်ရေ.. စားချင်စရာ.. ဒီဓာတ်ပုံကြည့်ပြီး အသုပ်စားချင်လို့ ဒီနေ့ပဲ အစုံသုပ် သုပ်စားပစ်လိုက်တယ်... အော်စွန်းဆိုတာ တို့လည်း မမြင်ဖူးဘူး... မျှော်နေမယ်..တင်ပေးနော်.. :)

    ReplyDelete