အစိမ်းရောင်နေ့ရက်များနဲ့ အစိမ်းရောင်နယ်မြေ


နေ့စဉ် နေ့တိုင်း စတော့ ရှယ်ယာတွေ ဈေးတွေထိုးကျနေတာကို
မြင်နေ တွေ့နေ ကြားနေရတာကြာတော့ လူလည်းအောင်ကြူကြူဖြစ်နေပြီ။။
မမြင်ရအောင် တီဗွီအတတ်နိုင်ဆုံးမဖွင့်ပဲထားပါဦးတော့ ရေဒီယိုကတစ်နာရီပြည့်တိုင်း
လာနေကြ သတင်းအစုံအလင်ကို မကြားချင်ယောင်ဆောင်လို့မရပါဘူး။။
ရေဒီယိုမဖွင့်ပြန်တော့လည်း ကိုယ့်အလုပ်မှာလာတဲ့ ဧည့်သည်တွေရဲ့ ညည်းတွား
သံတွေ မကြားချင်လို့လည်းမရ။။ မျက်စေ့တွေမှိတ် နားတွေပိတ်ထားလို့ မရပါ။။
ကျွန်တော့်အလုပ်ကိုက လူအများနဲ့ဆက်ဆံရတဲ့အလုပ်ဖြစ်နေလို့ပါ။။ မနေနိုင်တဲ့အဆုံး
အမေ့ကိုဖွင့်ပြောတိုင်တည်မိပါတယ်။။ အမေကတော့ တစ်နေ့တော့ကောင်းလာမှာပေါ့..တဲ့။။
လူကတော့အကောင်းကြီးရှိနေသေးတာပဲ..တဲ့။။တော်ရောပေါ့..တဲ့။။အမေဆိုလိုတာက
ကျွန်တော်စိတ်လက် မှန်မှန်ကန်ကန်ရှိနေသေးတာပဲ...တဲ့။။အမေပြောတာလည်းဟုတ်တာပဲ။။


ပြီးခဲ့တဲ့လစမ်းက ဈေးတွေထိုးကျတော့ လောဘ မောဟတွေ များပြီး ၀ယ်မိပါတယ်။။
အခုများတော့.............
ရေစုန်မျောပြီပေါ့။။

မှတ်ချက်။။ အစိမ်းရောင်ဟာ..ဒီနိုင်ငံရဲ့ စတော့ဈေးကွက်ရဲ့ ကျဆင်းမှုကိုဆိုလိုတာပါ။။

6 comments:

စိတ်မကောင်းပါဘူး။ ဟောင်ကောင် မှာလဲ ဘိလျှံ ဆူံးရှုံ့တယ်။ ဆိုဘဲ တိဗွီ မှာပြသွားတယ်။ တို့ကတော့ပိုက်ပိုက် မဆူံးတဲ့ အပြင် ဘဏ် ကတောင် ချေးထားသေးတယ်။။ :P
လူမသေ ငွေ မရှားလို့ တွေးပေးပါကွယ်။ သက်သာလို သက်သာငြား။

ပေါက်ရေ ပိုက်ပိုက်ချေးချင်လို့။ ဟီး ဟီး စတာနော်။ ပျော်စေချင်လို့ပါ။ စိတ်မညစ်နဲ့နော်။ တနေ့အလှည့်ရောက်လာအုံးမှာပါ။

Can u please add C-Box in your blog? I would like to chat over gtalk. Can I?

You can see my mail account in my blog :-)

စိတ်မညစ်ပါနဲ့ပေါက်ရေ....
အဆင်ပြေပါစေ

ပေါက်ရေ.. တို့လည်း ပေါက်နဲ့ ထူးမခြားနားပါဟာ.. ငွေဈေးတွေကကျနေတော့ ပြန်တက်လာဖို့ပဲ မျှော်ရတော့မှာပေါ့.. ယူရိုရှိတဲ့သူကလည်း ဂျပန်မှာ ယူရိုတွေ ဈေးကျလို့ တနေ့ တနေ့ သူက ညည်း၊ နယူဇီလန်သားကလည်း နယူဇီလန်ငွေတွေ ၀ယ်ထားတာ ဈေးကျလို့တဲ့ ညည်း၊ ကိုယ်က ညည်းပြရမှာတောင် အားနာလာတယ်... သူတို့ပြောတာပဲ မချိပြုံးလေး ပြုံးရင်း ကိုယ့်ဝမ်းနာတာ ကိုယ်သိတယ်ဆိုပြီး မထူးဇာတ်ခင်းနေရတယ် ပေါက်ရေ.... :(

မကေအိုအမ်ရေ..
အားပေးတဲ့အတွက်ကျေးဇူး။။
နိနိရေ...
ပေါက် ထီထိုးထားတယ်..ပေါက်ရင်ပေးမယ်နော်။။
ဆရာမဆောင်းရေ.
စီဘောက်စ်တင်ထားပါ့မယ်။။
မေးလ်လိုက်ကြည့်တာမတွေ့ခဲ့ဘူးရော...
စန်ဒါလင်းရေ..
တစ်နေ့တော့ပြေမှာပါ(မျှော်လင့်နေတုန်းပဲ..ဟီး)
နုရေ....
ဒီမနက်အသိတစ်ယောက်ဖုန်းဆက်လာသေးတယ်..
အကြီးအကျယ်ကျနေလို့ ၀င်ဝယ်ရအောင်..
ပိုက်ပိုက်မှမရှိတာ..ဘာနဲ့ဝယ်ရမှာလဲ(အဟီးး)
ပြောသာပြောရတာ..ဒီနေ့အခြေအနေတိုးတက်လာတယ်ပြောရမှာပေါ့နော်
နုတို့ဖက်မှာရောပဲ...