စက်ဘီးလေးနဲ့လည်လည်သွားတယ်..






ဒီနေ့ညနေ..စက်ဘီးစီးထွက်တယ်..
မနေ့က ကိုယ့်သူဌေးမက..သူ့စက်ဘီးပေးငှားစီးတယ်...
ကျွန်တော်တို့မြို့နယ်ကနေ....နောက်မြို့နယ်ကိုသွားတဲ့
စက်ဘီးစီးလမ်းကြောင်းလေးရှိတယ်..တဲ့..
ညနေကတည်းကသွားလိုက်တာ...ညမီးတွေထိန်ထိန်သာမှာပဲပြန်ဖြစ်တော့တယ်..
အိမ်ပြန်ရောက်တော့..ခြေထောက်တွေလည်းတောင့်နေပြီ...
မြန်မာပြန်တိုင်းတော့.မနက်တိုင်း....စီးဖြစ်ပါတယ်...
မနက်တိုင်းကန်တော်လေးစောင်းသွားတတ်တယ်...
ပြီးရင်ကန်တော်ကြီးသွားတဲ့လမ်းမပေါ်က ရွှေကိန္နရီဆိုတဲ့...လက်ဖက်ရည်ဆိုင်လေးမှာ..
ကော်ဖီ ၃ခွက်ဆက်တိုက်သောက်ရင်းး...အီကြာကွေးစားရင်း...မွေးရပ်မြေရဲ့ မနက်ခင်းတိုင်း
ဖြတ်ကျော်ခံစားခဲ့ပါတယ်...။။
လွမ်းလိုက်တာ မွေးရပ်မြေရေ....
မွေးရပ်မြေမှာနားထောင်ခဲ့တဲ့ သီချင်းတွေကိုလည်း အတိတ်မေ့နေရာက
ပြန်လည်အောက်မေ့လွမ်းဆွတ်လာလို့ သွားနေကြဆိုက်ဒ်ကနေ
ရီကွက်စ်လုပ်မိပါတယ်...

7 comments:

စက်ဘီးလေးနဲ့ လည်လည်လိုက်မယ်။ ပေါက်ကလည်း လက်တို့လိုက်တာမဟုတ်ဘူး လိုက်မှာပေါ့။ စက်ဘီးစီးရတာ ပျော်စရာကောင်းတယ်နော်။ မန်းလေးတုန်းကဆို ဆောင်းတွင်းမှာ ကျောင်းကနေ နန်းရှေ့ဈေးသွား မုန့်ဟင်းခါးစားကြတယ်။ စက်ဘီးအပြိုင်နင်းကြတယ်။ တခါတလေ ဈေးချိုထိ ရောက်တယ်။ ပြန်လာရင် စက်ဘီးခြင်းထဲမှာ စားစရာအပြည့်ပါတယ်။ မောရင် ရန်ကင်းတောင်ခြေမှာ နားတယ်။ ဟီး ဟီး။ အခုလည်း စက်ဘီးလေး ရှိတယ်။ ပေါက်လိုပဲ ပျင်းရင် ကျောင်းပိတ်ရက် ပန်းခြံထဲသွားလည်တယ်။ အခုတော့ တယောက်ထဲပါကွယ်

နိနိရေ...
ပေါက်တို့က ကျောင်းနားကအဆောင်ကနေ..
ဒေါ်ရှိနှမ်းမနှဲနားက အာပူလျှာပူဆိုင်သွားစား
တတ်ကြတယ်..အဲ့ဆိုင်ကဟင်းချိုမှုန့်မထည့်ဘူး
နန်းရှေ့က အာပူလျှာပူဆိုင်လည်းသွားစားဖူးတယ်
လမ်းဘေးဆိုင်လေး..ဈေးတော့ကြီးတယ်နော်
သြော်...ဘုရားကြီးလည်းခဏ..ခဏရောက်တယ်..
စက်ဘီးနဲ့ပဲ...
ဒီနေ့စက်ဘီးစီးသွားတာ..ပေါက်ချစ်ဆုံးလေးနဲ့..
သိတယ်မှတ်လားး...ဟီးဟိ
ဘယ်သွားသွား..သူမပါမပြီးလေ..
နောက်အပတ်သွားရင်နိနိကိုဝင်ခေါ်မယ်လေ..

ပေါက်ရေ.. စက်ဘီးစီးရတာ သဘောကျလို့လား မသိဘူး ဒီမှာလည်း တောက်လျှောက်က စက်ဘီးပဲ အားကိုးရတယ်..

အခုတော့ မပြန်နိုင်သေးပါဘူး.. နောက်နှစ်လောက်မှ ပြန်ဖြစ်မယ် ထင်ပါရဲ့.. မေမြို့ကိုတော့ လည်မယ်လို့ စိတ်ကူးထားတာပဲ.. ဧပြီ မေလောက်ဖြစ်မယ်ထင်တယ် ပေါက်ရေ.. :) မေမြို့မှာလေ ပွေးကောက်ရေတံခွန်လား အရမ်းသွားချင်တယ်.. ပိတ်ချင်းမြှောင်လည်း သွားချင်တယ်.. အကုန်သွားချင်တယ်ပေါက်ရေ... :D

သူများကို သင်ပေး။ အခု ခလေးစက်ဘီး ကို အထောက်တပ်ပြီး စသင်မလို့ဟိဟိ

စက်ဘီးလေးနဲ့ ပျော်စရာ..သာယာတဲ့ လမ်းကလေးပဲနော်..
မန်းဒလေးမှာ စက်ဘီးစီးရင်း ကော်ဖီ ၃ ခွက် နဲ့ အီကြာကွေးဆိုလို့ ဆလု ရိုက်သွားတယ်.. လေးစားပါတယ်:))

ဒီနေ့ကံမကောင်းပါလား..ဆောဒီး..
မန်းဒလေးဟုတ်ဘူး..ပြင်ဦးလွင်

နုရေ...
နောက်နှစ်ကို ပြန်ဖြစ်မှာပေါ့..
ကောင်းပါတယ်..
မေမြို့ကိုလည်ဖြစ်အောင်လည်နော်...
အေးဆေးတယ်။။
ဆောင်းရေ..
စက်ဘီးစိးတာ စီးတတ်လွယ်ပါတယ်..ခနဆိုတတ်ပြီ..
စန်ဒါးလင်းနော်..
လုပ်ချလိုက်ပြန်ပြီ..အဟိ