ဆမူစာ







2008/10/24 ko phyo
ဈေးမှာအသင့်လုပ်ပြီး ဂျုံပြားထုပ်ကလေး တွေ (လာဘတ်ခ်ျ) လို့ ခေါ်လားမသိဘူး။အချပ်ကြီး ၁ ချပ် ကနေ ၂ ချပ် ၃ ချပ် ပါတတ်တယ် ၀ယ်ခဲ့ပါနော် ....အနံလက်လေးလုံး အရှည် တထွာခဲ့ဖြတ်ပါ...(တပိုင်းဖြတ်ပြီး အရင်စမ်းနော်)
ကြက်သားကို အတုံးသေးသေးလေးတွေ တုံးပါ .ဆား၊အချိုမှုန့် နယ်ပါ..ဆနွင်းနဲနဲထည့်နယ်နိုင်ပါတယ်..
ကြက်သွန် လေထောင့်တုံးလေးတွေ သုံးနှစ်ကလေး လက်တဆစ် လောက်လှီးပါ...(ဥပမာပေးကောင်းတယ်နော်.. ဟီး)
အားလူး၊ခါ ကြက်ဥ(အောက်ပြည်မှာတော့မုန်လာဥနီ) ကိုလဲ ထိုနည်းတူစွာပါပဲ ....
မဆာလာကောင်းကောင်း တထုပ် ရှိနေပါစေ ..
ဆီ သင့်ရုံထည့် ဆီဆူရင်ကြက်သားထည့် လှော်ပါ ကြက်သားလေးတွေဖွေးပြီး နပ်လောက်ပြီထင်တာနဲ့ အသင့်လှီးဖြတ်ထားသောကြက်သွန် ၅ ချက်မွှေ၊ အားလူး ဥနီထည့်ပါ..
ထိုအရာတွေ မကျက်တကျက်မှာ ချထားလိုက်ပါတော့ ... ကြက်သား နဲ့ အာလူးကလွဲရင်ကျန်တာ အစိမ်းစားလဲ အရသာရှိပါတယ်။။အဲ အဲမှာ မဆလာထည့်ပြီးမွှေထည့်လိုက်ဗျာ...`ဟီး
(သတိချပ်။ ဆား အများ ကြီး မထည့်မိဖို့ နဲ့ အချိုမှုန့် အများကြီးမထည့်မိပါစေနဲ့ အရသာပျက်သွားမယ်.)
တရုတ်ပန်းကန်လုံးအသေးနဲ့ ဂျုံအနည်းငယ်ထည့် ရေထည့် ပစ်သမျှပစ်နော်... ကော် လုပ်ဖို့ ...
ဖြတ်ထားတဲ့ဂျုံပြား ကို အရှည်လိုက်၃ပုံတပုံ ကနေ ကတော့ပုံလုပ် ။ပြီးရင် ကျက်ပြီးသား ဟင်းကို ဇွန်းနဲ့ခပ် ထည့်.. ပြီးရင် အပေါ်မှာကျန်တဲ့ အပြား နဲ့ ထပ် ပြီးရင် ဂျုံဖျော်ရည်နဲ့ ကပ် .
ပြေဘန်းလေးထဲထည့်ထား ပြေမသွားရင် မိတ်ဆွေများလုပ်တာမှန်တယ်.. မကြာခင်စမူဆာဖြစ်တော့မယ် တဲ့ ....
ဆီကိုအိုးထဲ ထည့် ... ဆူတာနဲ့ ထည့်သာကြော် ဆယ်တာတော့ ကြည့်ဆယ်ဗျာ ညိုရင်တူးတော့မယ် တဲ့ မှတ်ထားနော် ဟီး...
စမူဆာကောင်းလေးရပါပြီ .. ဂျုံပြားခေါက်နီး ကို ပြချင်တယ် ရုပ်ဆိုးဆိုး ကျနော့လက်တွေတော့မကြည့်မိစေနဲ့ .. ကျနော်လုပ်ထားတဲ့စမူဆာပုံတွေ က တော့ ရှာမတွေ့ တော့ဘူးဗျာ ....... ယုံယုံကြည့်ကြည့်လုပ်စားပါ ကျနော့လက်၇ာပွဲဝင်ပါတယ်.။အချဉ်ကတော့ ကြိုက်သလိုသာဆော်တော့ ကျောင်း အမ တို့ ရေ......

တဆက်ထဲ ဆက်ပြောလိုက်မယ် ဗရာကြော်နည်း ပျင်းတယ်ဗျာ နောက်နေ့ပေါ့.

ပေါက်ရေ ရှိရင် တင်ပေးလိုက်ပါနော့ငါ့ပို့ထားတဲ့ စမူဆာဘန်းပုံ

.....................................................................................................................

ဒီပို့စ်ကို ကိုဖြိုးရေးတာပါ..
ကိုဖြိုးဆမူစာလုပ်တတ်လို့ ရေးပြီး ။ရိုက်ပြီး တင်တဲ့ပို့စ်ပါ။။

8 comments:

ဆမူစာသိပ်ကြိုက်တယ်။ လက်ဖက်ရည်နဲ့လည်းကြိုက် ထမင်းနဲ့လည်းကြိုက်။ တခါမှ လုပ်မစားဘူးပါ။ မှတ်ထားလိုက်အုံးမယ်။

ကဖြိုးရေ...
တစ်ရက်လောက်လုပ်စားကြည့်မယ်...
ဆမူစာကိုသိပ်အကြိုက်စားကြီးမဟုတ်ပေမဲ့..ဟီးး
နိနိနဲ့မတူဘူးနော်..
ဘယာကြော်ဆို..ငါက ဗမာဘယာကြော်ကိုပိုကြိုက်တာ
မတ်ပဲကြော်လို့လဲခေါ်တယ်..
နင့်လက်လေးက လှပါတယ်..နုဖတ်ကြွေကျမတတ်ပါပဲ
ဟီးး

ပေါက်နဲ့ ကိုဖြိုးရေ… ကျေးဇူးပါ… ဆမူဆာ အစာလုပ်တတ်ပြီး မချိုးတတ်တာ ခုတော့ ပုံလေးတွေနဲ့ အဆင်ပြေသွားပြီ…

ထင်တယ်.. ဒီစာဖတ်လိုက်ကတည်းက ပေါက်တော့ မဟုတ်လောက်ဘူးလို့... သိနေတယ်လေ... :D

ပေါက်ရော ကိုဖြိုးရော.. အဟိ.. သူများက အဲဒါတွေ တတ်ပြီးသားလို့ မကြွားတော့ပါဘူးလို့... တခါ လုပ်စားဖူးတယ်.. ဒါပေမယ့် စားလို့သိပ်မကောင်းဘူး.. စမူဆာလုပ်ရတာ အစ ၁ ခု ၂ ခုက ချိုးရတာ အဆင်မပြေလို့ ပျက်သွားတယ်.. နောက်ပိုင်းဟာတွေတော့ အဆင်ပြေတယ်.. အခုလောလောဆယ် လုပ်နည်း မမှတ်မိတော့ဘူး.. ဓာတ်ပုံတွေတော့ ရှိသေးတယ်..:D

စမ်းလုပ်ကြည့်ရမလား စဉ်းစားနေဆဲ......
လက်မှုပညာနှင့် ပတ်သက်လျှင် ပါရမီနည်းလှသောကြောင့် စမူဆာ ၃ ထောင့်ပုံမရပဲ ရွာလည်နေမည်ကို
ကြိုသိသောကြောင့် ဖြစ်ပါသည်..

မတန်ခူးရေ...
ကိုဖြိုးကိုကျေးဇူးတင်..ဟီဟိ
သူက ဘယာကြော်လည်းလုပ်တတ်တယ်ဆိုပဲ...
အမ်မယ်..
နုက ပေါက်လေသံကိုဖမ်းလို့မိတယ်ပေါ့...
နုရေ...ပြန်မယ်ဆိုတာပြန်ဖြစ်လား..
မေမြို့ကိုရောက်အောင်သွားလည်နော်...
စန်ဒါလင်းရေ...
ပေါက်နဲ့တူတူပဲ..
လက်မှုပညာမှာအားနည်းတာ...
တကယ့်..တကယ်တော့...
ပေါက်က..ဘာပညာမှာမှ
အားမသာပါဘူးးးးး

ကိုဖြိုးဆိုတာ တယ်တော်ပါလား။

ငါကျောင်းထဲ ဆိုင်းမတီးနဲ့ ဆိုတာနဲ့ တွေ့ တော့မယ် .. သိပ် မမြှောက်နဲ့ နော် က ပလိုက်မှာဗျ... ဟီးဟီး