ညဈေးတန်း



ဒီည...
ပျင်းပျင်းရှိတာနဲ့ အလုပ်ကအပြန် ညဈေးသွားပါတယ်..
မစားရတာကြာပြီဖြစ်တဲ့ တိုဟူးပုပ်ကြော် စားဖြစ်တယ်။။
အပုပ်ခံထားတော့ အနံ့က နံထောင်းနေတာပဲ..။။ဒါပေမယ့် စားကောင်းတယ်။။
အချဉ်ဖတ်လေးထဲ့ ငြုပ်သီးလေးထဲ့စား ကောင်းမှကောင်း ။။
ညဈေးမသွားတာကြာလို့လားမသိ ဒီညမှ မိုးရွာတယ်။ဟိဟိ
ကမန်းကတန်း ထီးဝင်ဝယ်လိုက်ရသေးတယ်။။ ကုန်စုံဆိုင်ဆိုတော့
ယိုစုံတွေပါရောင်းတော့ မက်မန်းသီးယို မက်မွန်သီးယို
အခွံပါစားလို့ရတဲ့ ပဲကြော်(ဒီပဲက မေမြို့မှာတော့တော်တော်ပေါတယ်)
ဝယ်စားဖြစ်တယ် ။။
မိုးတွေရွာနေလို့ ညဈေးမှာလူပါးတယ် ။။ ခါတိုင်းသောကြာည စနေညတွေဆို တိုးမပေါက်ဘူး။။
ဒီကလူတွေ အားအားရှိညဈေးတအားလည်ကြတယ် ။။ စားစရာတွေလည်းပေါမှပေါ။။
အမျိုးစုံတယ် ။တရုတ်စာ ။ကိုးရီးယားအစာ ။ယိုးဒယားသင်္ဘောသီးထောင်း ။အိန္ဒိယအစာ
တွေကအစရောင်းတယ် ။။ ကိုယ်ကတော့ မစားဖြစ်ပါဘူး ။ကိုယ်စားလို့ရတဲ့ဘောင်က
ကျဉ်းတယ်လေ။။

ငယ်ငယ်တုန်းက မေမြို့မှာညဈေးဆိုတာမရှိဘူး ။။ မန်းလေးညဈေးကိုတော့ လည်ဖူးတယ်။
မမှတ်မိဘူး ။အခုတော့ မေမြို့ဈေးကြီးလမ်းမှာ ညဈေးတန်းကြီး စည်ကားလို့ ။
စားစရာတွေချည်းပဲ ရောင်းကြတာ။။ တစ်မျိုးပဲ ၀ယ်စားဖြစ်တယ်။။ ဒေါ်မိတိုက် အရှေ့မှာ
လက်တွန်းလှည်းလေးနဲ့ ရောင်းတဲ့ ကောက်ညှင်းထဲမှာ အုန်းသီးထာပနာ ထားတာ။။
မုန့်လုံးရေပေါ်ထက်ကြီးတယ် ။ဒါပေမယ့် ဒီမုန့်က ဗန်းထဲမှာစီထည့်ပြီး မီးကင်ထားတာ။။
ဘာမုန့်ခေါ်လဲတော့ မသိဘူး ။။ အဟီး ရေးရင်း စားချင်လာပြီ ။။

12 comments:

ဖတ်ရင်းနဲ့လည်းစားချင်တာဘဲ။

ပေါက်ရေ.. မွန်းအောင်သီချင်းတွေကို ဒီကိုပို့လဲရတယ်နော်။
မမွန်ရဲ့မေးလ်က
hnin.see.pan.thu@gmail.com

မုန့်လုံးကြီး အုန်းနို့ ဆမ်း ထင်တာဘဲ။ အထက်မီးအောက်မီး နဲ့  ပြန်ဖုတ်ထားတာပါ။ ကင်တာ မဟုတ်ဘူးထင်တယ်

Recent comment ဆိုတာ ထဲ့ထားပါလား။ ကျမ ကွန့်မဲန့် တွေ ပို့စ်အဟောင်းမှာ ထားထားတာ။ ချက်ချင်းသိရအောင် မခင်ဦးမေကို မေးပြီးတင်ရင် ကောင်းမယ်။ ပြီးတော့ Word Verificationက အလုပ်ပိုတယ်။ ဖြုတ်ရင် ကော်မဲန့် ပေးရတာ ပိုမြန်တယ် သိလား

အင်း
ဖတ်ရင်းနဲ့စားချင်လာတယ်။

စားချင်လိုက်တာ ဒါနဲ့  ပေါက်ကဘယ်ကလဲး)

မမKOMလို ဖတ်ရင်းနဲ့လည်းစားချင်တာဘဲ။

SMNTL

မကေအိုအမ်..စားလေ..ပိုဝယ်လာတယ်.ဟိ
မမွန်ရေ..ညကဂျီကနေပို့တာအသားကုန်ကြာနေလို့
အခုမှပဲပို့နေတယ်..
ဂျေ ပြောတာဟုတ်မယ်..အထက်မီးအောက်မီးနဲ့ဖုတ်တာ
ဖြစ်မယ်..ဆနွင်းမကင်းလိုဗန်းနဲ့..
ဆောင်းရေ..Verificationဖြုတ်လိုက်ပြီနော်
Recent comment အတွက်အကြံပေးတာလည်းကျေးဇူး
မြတ်နိုးအတွက်လည်းပိုဝယ်လာတယ်လေ
မောင်မျိုးရေ...မေမြို့ကပါ..
နန်ဒါရေ...ပိုစားနော်..

ပေါက်ရေ. နိုင်းဆီမှာ ပေါက်ဆီကို လင့်ခ်ထည့်ထားတယ်နော်.. နိုင်းတော့ အခုလောလောဆယ် စစ်ကိုင်းက ညဈေးမချိလို့ ငတ်နေအိ.. ဟိဟိ

ပေါက်ရေ.. ညဈေးတန်းလည်ချင်တယ်... ညဈေးဆိုရင် စားစရာဆိုင် တွေ ပေါပေါများများရှိတဲ့ဈေးတန်းမျိုးမှာ တဆိုင်ဝင် တဆိုင်ထွက် လျှောက်စားနေချင်တာ.. :)

ပေါက်ရေ ခုမှ ကွန်းမန့်ပေးလို့ရတော့တယ်။ စောစောက ဘာဖြစ်တယ်မသိဘူး။ ညဈေးတန်းက မုန့်တွေ ပေါက်နဲ့အတူလာစားချင်တယ်။ မေမြို့က ပဲဇိမ့်ကြော်လား အဲဒါလည်း စားချင်တယ်။ မက်မန်းသီးလည်း စားချင်တယ်။

ငါ...ပြင်ဦးလွင်ကို နောက်တစ်ခေါက်ပြန်ရောက်တော့
အဲဒီညဈေးတန်းကြီးက စည်ကားစွာနဲ့ကြိုဆိုနေတယ်
ပထမတော့ ငါလည်း အံ့သြသွားတယ်..
နောက်တော့ ဗိုက်က ဆာလာတာနဲ့ ဘာမှ မစပ်စုခင်
နင်မကြိုက်တဲ့..ငါ့ကြိုက်တဲ့ တုတ်ထိုး ၀င်စားပလိုက်တယ်..။
စားရင်းသောက်ရင်း စုံစမ်းရင်းနဲ့ ပဲ...ညဈေးတန်းကြီးဖြစ်
နေတာ မကြာသေးဘူး ဆိုတာပါသိလိုက်ရတယ်။
(ကောင်းတာပေါ့လို့..ညတိုင်း ငါတော့ ပိုက်ပိုက်ကုန်ပါပြီလို့ ငြီးတွားရင်း...ညတိုင်းပဲ ရောက်ဖြစ်တယ်)...ဟီးးး
စားစရာတွေက များတော့ ဘာစားရမှန်းမသိဘူး
အဲဒါနဲ့ ပဲ
နင်မကြိုက် ငါကြိုက်တဲ့ တုတ်ထိုးပဲ နေ့တိုင်းစားပလိုက်တယ်..အဟေးးဟေးး
ဇင်ကိုလွင်...။