ဆမူစာ..အကြော်စုံနဲ့ကျောက်ကျော



တနေ့က မြန်မာတန်း ရောက်တုန်း ဆမူစာနဲ့ ဘယာကြော်
ကြက်သွန်ကြော် ၀ယ်လာခဲ့တယ်...စားကြနော်..
အိမ်ရောက်တော့..မကျည်းမှည့်လေးရေဖျော်ပြီး .ပူစီနာ..ငြုပ်သီး
ကြက်သွန်ဖြူထောင်း..ဆားလေးထဲ့ပြီး တို့စားလိုက်တယ်။။
အချဉ်ကို ရိုက်မထားမိဘူး။။
ပြီးရင်..အချိုသုံးဆောင်ပါ..။။
အုန်းနို့ကျောက်ကျောက ကိုယ်တိုင်လုပ်တာပါ။။

သူငယ်ချင်းတစ်ယောက်က ပို့စ်တင်အုန်းဆိုလို့တင်လိုက်တာပါ။။
ဟီး စကားနားထောင်တယ်နော်...
သူငယ်ချင်းရေ...
ပြောင်းလဲတာနဲ့ မူမမှန်တာ မတူဘူးလား...တူတူပဲလား
ငါကတော့ မူမှန်မှန်နဲ့ပြောင်းလဲနေတယ်...။။ဟဲဟဲ



7 comments:

သူတို့များတော့ စားစရာတွေနဲ့ တို့နဲ့တော့ ကွာပ..
နိနိနဲ့ အတူနေမှ သူ့လက်ရာတွေ ဟဲဗီးစားပစ်မယ်လို့ စိတ်ထဲမှာ အားတင်းထားတယ်း)

ဆမူဆာရယ် အုန်းနို့ကျောက်ကျောလေးရယ် မြည်းသွားတယ်။ တခြားလူတွေအတွက် မကျန်မှာစိုးလို့။

အုန်းနို့ကျောက်ကျောက အမိုက်စားပဲ။

ကျောက်ကျောမကြိုက်။ အကြော်သိပ်ကြိုက်ပါတယ်။ အကုန်စားသွားမယ် အားမနာဘူး လူရင်းတွေပဲနော်

အဟိ.. ပေါက်က တကယ်နောက်တာပဲ.. ဆမူစာနဲ့ အကြော်စုံဆိုတော့ ပေါက်က တော်လိုက်တာလို့ တွေးနေတုန်း သူက ၀ယ်လာတာတဲ့... :D ၀ယ်စားလို့ရတာပဲ ကံကောင်းတယ် ပေါက်ရေ.. ဒီမှာတော့ ကိုယ့်အားကိုယ်ကိုးပဲ... :)

ပေါက်ရေ စမူဆာ ။ ကြက်သွန်ကြော် ။ နဲ့ ဗရာကြော်နည်းလေး ပြောပြလိုက်ပါ ကွာ. nu-san

ကိုနိရေ..
အစားကောင်းအသောက်ကောင်းစားရမယ့်အချိန်လေး
မျှော်...(နိနိနဲ့တွေ့ရမယ့်အချိန်လေး)
မချိုသင်း..အချိုကြိုက်တတ်မှန်းသိလို့
အုန်းနို့ကျောက်ကျောလုပ်ကျွေးတာ(အဟိ..ဖားတာ)
မမွန်ရေ..လုပ်စားကြည့်လေ..လွယ်တယ်
နိနိလေး....မကြိုက်တာတွေများနေပြီနော်..
(ငါးမကြိုက်..ကျောက်ကျောမကြိုက်)
နိုင်သလောက်စားသွားပါနော့..
နုနုရေ....
ဟားဟား လို့အော်ရီတော့ ကလေးက ဘာရီစရာတွေ့လို့
လဲတဲ့...
အကြော်တွေက ၀ယ်လာတာ..ဟီးဟိ
သူငယ်ချင်းက အသစ်တင်ဆိုလို့..အဲ့ဒါတွေကောက်တင်လိုက်တာ.
ဟီးဟိ
အုန်းနို့ကျောက်ကျောက ပေါက်ကျိုတာပါ..