ဆင်ရာတိမ်မိုး......

မိုး...မပြိုနဲ့ဦးလေ....
ဒီရာသီကနွေ....
အို..မိုး..မပြိုနဲ့ဦးလေ...
နေစရာအဆင်မသင့်ခင်....
ပြင်ဆင်စရာလိုလိမ့်မယ်...မိုးရယ်...
အမှန်တကယ်လိုသေးတယ်.....

လွမ်းမနေပေမယ့်လေ...
ပြန်လည်ကာဆုံမိရင်.............
အို ခန်းနေလေသေးတဲ့.............
မေတ္တာတွေမပျယ်သေးခင်..........
ရင်နာစရာကြုံလိမ့်မယ်..မိုးရယ်...
ရင်ခွင်မှာနာကျင်အုန်းမယ်......

ပြောင်းလဲခြင်းနဲ့မူမမှန်ခြင်းကို
ဆင်သလိုလို ထင်ကြတယ်
စိတ်ညစ်တဲ့အခိုက်မှာ လူတိုင်းဟာ
ထင်ရာတွေမြင်ကြတယ် မိုးရယ်
မြင်တာတွေ မထင်မရှားနဲ့....

အိ လာတဲ့မိုးကို..........
မပြိုခင်ရင်ဆိုင်ဦးမယ်..............
အို မိုး...
ဒီတော့လည်းလေ....
ပြိုမလိုလို ညိုပြီးမှ ပြေးတယ်
ဘယ်ဆီမှာ ညိုအုန်းမယ်.......


ဒီသီချင်းကို အရင်ကနားထောင်ဖူးပေမယ့် အခုလောက်ထိ
မခံစားမိခဲ့ဘူး...


6 comments:

အဟင့်..
စာသားချည်းပဲ..သီချင်းလည်းတင်မပေးဘူး..
သွား..လူဆိုး...

ဟီဟိ..ခုမှ သီချင်းကိုမြင်တာ..အပေါ်က ကောမန့် ကို မရေးခဲ့ဘူးလို့ သဘောထားပေးပါလား..... ဟင်....(တရုတ်ကားထဲကလို) :))) သီချင်းအရင်နားမထောင်နိုင်ပဲ ကပျာကယာ ပြန်လာပြီး..သီချင်းတွေ့ရှိကြောင်းသတင်းပို့တာ....
နမော်နမဲ့နိုင်လွန်းလို့တောင်းပန်ရပေါင်းများပြီ..
စီဘောက်စ်ကြီး ပြူးပြဲနေအာင်တင်ထားတဲ့ ဘလော့ကိုသွားပြီး စီပုံးမတွေ့လို့ ကောမန့်ရေးခဲ့တယ် အော်လိုအော်...

sin dan larရေ..
ပေါက်လည်း အဲ့လိုပဲ ရှပ်တီင်္းရှပ်ပြာအမြဲ..
ဟီးဟိ...
စကားမစပ်..
မြန်မာလို နာမည်ဘယ်လိုခေါ်လဲ မသိ

ပေါက်ရေ ၂ ခေါက်တောင် နားထောင်သွားတယ်..
း)

အခုဟာမြန်မာနံမည်ပဲလေ..ပြောင်းပြန်ရေးထားတာ
ဟီးးးးးးးးးးးး

စန်ဒါလင်းနော်..
စန်ဒါလင်း..
ဟီးခေါ်လို့ကောင်းလို့..
၂ခါခေါ်တာ..
နိနိလေးစိတ်ရှုပ်နေချိန်တွေမှာ ခင်မောင်တိုးသီချင်းတွေနားထောင်လိုက်ရတာ
အရသာတစ်မျိုးပဲ..