အိပ်မက်

ညနေက အိမ်ပြန်ရောက်တာနဲ့ စက်ဖွင့်ပြီး
ဘလော့တကာလည်ပါတယ်။။ အဲ့ဒီမှာ မကေရဲ့ဘလော့ဖတ်ပြီး
သူတစ်ပတ်လောက်နားလိုက်တာ ဖတ်ချင်တာဖတ်လို့ရတယ်.
လုပ်စရာရှိတာလုပ်လို့ ရတယ်..အေးဆေး အသက်ရှု အနားယူလို့ရတယ်..
ဆိုပြီး ရေးထားတာ..
ဒီမှာ ကျွန်တော်ကဖြင့် ဘလော့ပိုး ၀င်ကာစပဲ ရှိသေးတာကို။။
မနက်စောစောထ ပြီး ခရီးတစ်ခုသွားထားတဲ့အရှိန်နဲ့ အိပ်ငိုက်လို့
ခဏအိပ်ပျော်သွားပါတယ် ။ နောက် ဂျီတော့မှာ ကိုယ်မသိတဲ့ နစ်တစ်ခုက
ကျွန်တော့်နဲ့ လာစကားပြောပါတယ် ။ ကျွန်တော်က ဘယ်သူပါလဲ လို့မေးတော့
မကေအိုအမ် ပါတဲ့ ..ကျွန်တော်အံ့သြပြီးဆက်ချက်နေမိပါတယ်....မကေအိုအမ်က
ကျွန်တော့်ကို ဘလော့ထဲမှာပဲ လည်မနေနဲ့ အိမ်အလုပ်လေးဘာလေးလည်း
လုပ်ပါအုန်း...လို့တရားချပါတယ်။ ကျွန်တော်က ´`ဟုတ်ကဲ့ပါမ `` လို့ ရိုရိုသေသေ
ဂတိပေးပါတယ်..။
သြော်..................
ဘလော့ .............
အိပ်မက်ထဲထိ စိုးမိုးလွန်းပါလား..........။။

7 comments:

အဲသလိုပဲ အဲသလိုပဲ.. စွဲတတ်တယ်.. ဟ ဟ

အိပ်လိုက်တိုင်း အိပ်မက်တိုင်းမှာ မမပဲ :P

ပေါက်ရေ… ရှူး… အိမ်ကလူကြားသွားလို့  သူ့ ကို အိပ်မက်မမက်ဘူးဆို စိတ်ကောက်နေဦးမယ်… မမတို့ က ပေါက်အိပ်မက်ထဲထိ လွှမ်းမိုးနိုင်သူပဲ… တို့ လဲ ဟိုတနေ့ က အိပ်မက်ထဲမှာ ခရီးသွားရင်း ဘလော့ဂ်ပေါ် တခြောက်ခြောက်ရေးနေတာ… ဘယ်သူမှ မပြောရဲဘူး.. ဟိ

ကျွန်တော်ဘလော့စွဲတာက
ကိုနိက နိနိကိုစွဲသလိုပဲလေ..
မတန်ခူးရေ...
ကျွန်တော်ဖြစ်ကတတ်ဆန်းရေးတာတွေ
လာကြည့်တဲ့အတွက်ကျေးဇူး

ပေါက်ရေ.. အိပ်မက်ထဲတောင် မမခင်ဦးမေကို ထည့်မက်တယ်.. ပေါက်တော့ မခင်ဦးမေကို မြင်ဖူးသွားပြီပေါ့.. :) တို့ကတော့ အိပ်မက်မက်တာ မဟုတ်ပဲ ဘလော့ခ်အကြောင်း စဉ်းစားလိုက်ရင် အိပ်မပျော်တော့ဘူး.. :D

ဒီဘလော့ဂ်လေးကို ခုမှ ရောက်ဖူးတာ။ စွဲစရာ နောက်ဘလော့ဂ်တခုတော့ တိုးအုံးတော့မှာပဲ။

လာလည်ပါတယ် အိပ်မက်တောင်မက်ရသတဲ့လားပေါက်ရေ....