ထမင်းကြော်




ဒီနေ့တော့ အရင်နေ့တွေက ထမင်းကျန်တွေများနေတာနဲ့
ထမင်းကြော်ကြော်စားဖြစ်ပါတယ်..
၁) ဘိုစားပဲသီးအနည်းငယ် လှီးထား။ပြောင်းဖူးတစ်ဖူး လှီးထား။
ခါကျက်ဥ ပုံပါအတိုင်းလှီးထားပါ
၂) ပုဇွန်ကို ကြက်သွန်ဖြူ ကြာညို့အငန် ဂျင်းရည် နဲ့ နှပ်ထားပါ။

ဒယ်အိုးထဲကဆီဆူရင်...နှပ်ထားတဲ့ပုဇွန်ကို၂မိနစ်ကြော်ပါတယ်..
မကျက်တကျက်မှာဆယ်ထားပါ။။
ပြီးရင် ၁) ကိုထဲ့ကြော်ပါတယ် မကျက်မှာကြောက်ရင် အိုးဖုံးခဏဖုံးပေးပါ
ဆား ထဲ့ပါ ။ ၅မိနစ်လောက်ကြော်ပြီးရင် ထမင်းကြမ်းထဲ့ပါတယ်။
ခရုဆီရှိရင်ထဲ့ပါ..မရှိလည်းစားလို့ဖြစ်ပါတယ်..ပြီးရင်ဆယ်ထားတဲ့ပုဖွန်တွေထည့်ပါ။။
ကြက်သွန်မြိတ်ရှိရင်လှီးထည့်ပါ..ပိုမွှေးတာပေါ့။
ကြက်ဥကြော်ကြိုက်ရင်ကြော်ပြီးတူတူစားနိုင်ပါတယ်။။
အချဉ်ကိုတော့..ကြက်သွန်နီ နဲ့ ပင်စိမ်းနဲ့ ငြုပ်သီးစိမ်း ကို
သံပုရာသီးလေးညှစ် ။ ဆားလေးနဲနဲထည့်ပြီး သုတ်စားပါ..


11 comments:

ပေါက်ရေ ဦးအောင် စားသွားပြီ...
း)

ဒို့လည်းစားမယ် အားကျမခံ။

ကျနော်လည်း ထမင်းကြော်လာစားတယ် ပေါက်ပေါက်ရေ့း)

အဲလိုဘယ်နှမိနစ်ကြော်ရမယ်လို့ ရေးတာဟာ ကျမတို့လို sense of cooking မရှိသူ (ဟင်းချက်ဖျင်းသူ) တွေအတွက် ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရစေပါတယ်...:P
နာရီရှိရင်ရပြီလေ.. (တူးသွားမလား၊ မနူးမနပ်ဖြစ်မှာလား၊ ပျော့ပြဲသွားမလား)စိုးတထိတ်ထိတ်နဲ့ ဟင်းအိုးနားက တစ်ဖ၀ါးမခွာရဲ မဖြစ်တော့ဘူးပေါ့...

၂ အေဘီ(ကိုနိ. မနိ) ဖြေးဖြေးစားပါနော်..
မောင်မျိုး လာလည်တဲ့အတွက်ကျေးဇူး..
ဖြေးဖြေးစား..၀အောင်စားပါ..
sin dan lar ရေ..
ပေါက်လည်းအရင်ကသေချာမသိဘူး..
နောက်ပြီး..ဘယ်တော့မှတိတိကျကျမလုပ်တတ်ဖူး
ဒီမှာတော့ လာဖတ်တဲ့သူတွေ..အဆင်ပြေအောင်
မှန်းပြောလိုက်တာပါ..
လာလည်တဲ့အတွက်..ကျေးဇူးပါ

ပညာယူသွားတယ်။ ယူရင်းနဲ့ အတော်တောင် တိုးတက် လာပြီ။

မနက်စာ ထမင်းကြော်လာစားပါ၏

ပေါက်ရေ.. ထမင်းကြော်စားချင်လိုက်တာ.. အခုဆို အိမ်မှာ ကြော်မစားဖြစ်ဘူး.. ဒီက ဆန်တွေနဲ့ကြော်ရင် ဘယ်လိုကြီးဖြစ်သွားမှန်းမသိဘူး.. ထိုင်းဆန်နဲ့ကြော်လည်း လုံးထွေးပြီး ဘယ်လိုပြောရမှန်းမသိအောင် ထမင်းက ထမင်းနဲဖြစ်ဖြစ်သွားတယ်.. အဲဒီတော့ ထမင်းကြော်စားချင်ရင် ဆိုင်ပြေးရတော့တာပဲ ပေါက်ရေ.. ပေါက်ကြော်ထားတာတော့ စားချင်စဖွယ်ပဲ.. :)

ထူးအိမ်သင် သီချင်းလေး field ထဲမှာ သူငယ်ချင်းတွေ ဆိုကြတာ သတိရသွားတယ်။
မနက်ခင်းလေးမှာ နိုးလာခဲ့..
အရင်ဆုံး ထမင်းကြော် စားပါတယ် တဲ့။
ဒီလို ထမင်းကြော်မျိုး ဖြစ်မှာပါပဲ။

u make me hungry ဗိုက်ဆာတယ်..........

ဂဏန်းအသားနဲနဲ ထဲ့ကြော်လိုက် ဆွေမျိုးမေ့သွားအောင် ရှယ်သွားမယ်