10/08/2008

ဆမိုင်


ဟိုတလောက ဘလော့တစ်ခုမှာဖတ်လိုက်ရတယ်
မြန်မာက ဆမိုင် ကိုလညိးလွမ်းတဲ့အကြောင်း
အဲဒါနဲ့ ကိုယ်လည်းမနေနိုင်တာနဲ့ ဒီကိုပြန်လာမဲ့ဆဲဆဲ ညီမ၀မ်းကွဲကိုမှာပါတယ်
တစ်နေ့နေ့ ဒန်ပေါက်နဲ့ တွဲချက်ပြီး သူငယ်ချင်းကိုဖိတ်ကျွေးမယ်ဆိုပြီး
တေးထားတာ ကိုယ်ကမအားတာနဲ့ သူတို့မအားတာနဲ့ မလုပ်ဖြစ်ပါဘူး
အခုတော့ ဗိုက်နည်းနည်းဆာနေတာနဲ့ နွားနို့လည်းရှိနေတာနဲ့ လုပ်စားဖြစ်ပါတယ်။။
၁) ဆမိုင်ခြောက်ကို ထောပတ်နဲ့ အရင်ကြော်လိုက်ပါတယ် ။။
၂) အိုးတစ်လုံးထဲမှာ နွားနို့ကျိုလိုက်ပါတယ် နွားနို့ဆူတာနဲ့
ကြော်ပြီးသားဆမိုင်ကို ထည့်လိုက်ပါတယ် ။။သကြားသင့်သလိုထည့်ပါတယ်။။
စပျစ်ခြောက်အနည်းငယ်ထည့်ပါတယ် ။။
ကဲ သုံးဆောင်နိုင်ပါပြီ။။
ဖာလာစေ့ရှိရင်ထည့်နိုင်ပါတယ် ။။အုန်းသီး မရှိလို့မထည့်လိုက်ရဘူး။။

8 comments:

  1. စမိုင် မရှိလို. နီစပ်တဲ့ ကွန်ဖလိတ်ဘဲသွားစားတောမယ်။

    ReplyDelete
  2. စမိုင်ကို ငယ်တုန်းက စားဖူးတယ်.. သေချာ မမှတ်မိတော့ဘူး.... အခု နောက်ပိုင်း ဘလော့ဂ်တွေပေါ်မှာ ပြောတာ များလာတော့ စားချင်လာပြန်ပြီ..
း)
    အဆင်ပြေရင် စမိုင်ဆိုတာ ဘာကနေလုပ်တာလဲလို့ ပြောပြပါလား အပေါက်

    ReplyDelete
  3. ပေါက်ရေ.. ဆမိုင်တော့ မကြိုက်ဘူးကွယ်.. ဒန်ပေါက်တော့ စားချင်တယ်.. ဒီမှာချက်စားရင်တော့ ရယ်ဒီမိတ်ပဲ ချက်စားဖြစ်တယ်.. မကောင်းပါဘူး.. အာသာပြေလောက်ပဲ... ဒန်ပေါက်ချက်နည်းပြောပြပေးနော်.. :)

    ReplyDelete
  4. မကေအိုအမ်...
    ကျွန်တော်ချက်တာပဲစားပါနော်..အဟိ
    ကိုဇနိရေ...
    စမိုင်ခြောက် ကို ရန်ကုန်ကနေလှမ်းမှာလို့ရရင်
    မှာကြည့်လေ...
    အီအီ ချိုချို အစာတွေကြိုက်တတ်တယ်ဆိုရင်ပေါ့..
    စမိုင်ခြောက်ရှိရင် နွားနို့ရှိရင် ထောပတ် သကြားရှိရင်
    လုပ်စားရတာအဆင်ပြေပါတယ် ..။။
    နုရေ...
    ပေါက်လေ အရင်က လုံးဝမချက်တတ်ဖူး..
    ဒန်ပေါက်ဆိုဝေးရော..
    အခု ဘေးနားကလူတွေက ကြိုက်တတ်တယ်..
    အိမ်က အမေကလည်းကြိုက်တတ်တယ် ဆိုတော့
    သူက ကြက်သွန်နီကြော်ပြီး မဆလာထောင်းပြီး
    အသင့်ချက်နိုင်အောင်စပ်ပေးပြီး ပို့ပေးတာ..
    ကိုယ့်ဟာကိုယ်အစကနေလုပ်ဖို့ဆို မလွယ်ပါဘူး
    အဟိ...
    တရက်တော့ ချက်ပြီးတင်ပေးအုန်းမယ်နော့..

    ReplyDelete
  5. ပေါက်ရေ စမိုင် မသောက်ဖူးဘူး
    ချက်လည်း မချက်တတ်ဘူး
    ပေါက် ဘီးဇီးနေတာလား
    အဆင်ပြေပါစေ

    ReplyDelete
  6. နိနိရေ...
    မဘီးဇီးပါဘူးအေ...
    မနက်ကရေးထားတာပြန်တင်ချင်လို့..
    လည်နေတာ..
    ဟားဟား
    တွေ့တဲ့တစ်နေ့ချက်ကျွေးမယ်..

    ReplyDelete
  7. အရမ်းကြိုက်တာ။
    မတည့်လို့ ငိုပြီး ပြန်သွားပြီ :(

    ReplyDelete
  8. စမိုင်မှာ ဘာအနံ့ ဘာမဆလာ ထဲ့သလဲ ဟင်။ အနံ့ မွှေးတာ ဆက်ဖရွန်ဆိုတဲ့ အနီရောင် အမျှင်ထဲ့ရလား ရှိန်းခိုရော ထဲ့ရလား။ နဲနဲ ထပ်ရေးပေးပါအုန်း

    Could you please remove word verification? It is extra job when leaving a comment. Thks

    ReplyDelete