သူငယ်ချင်းများစွာ....

ကျွန်တော့်မှာ တော်တော်ရင်းနှီး မတွေ့ရမနေနိုင်စွာပေါင်းသင်းခဲ့ရတဲ့ သူငယ်ချင်းတစ်ဖွဲ့ရှိခဲ့ဖူးပါတယ်။
ကိုယ့်ထက်ကြီးတဲ့သူလည်းရှိတယ် ။ငယ်တဲ့သူလည်းပါတယ် ။တူတဲ့သူလည်းရှိတယ် ။ အတန်းတူတဲ့သူရှိအုန်းတောင်
ကျောင်းချင်းမတူခဲ့ကြပါဘူး ။ကျောင်းချင်းတူခဲ့အုန်းတောင် အတန်းခွဲချင်းတူတဲ့သူမပါပါဘူး ။
ဒါပေမယ့် ဘာဖြစ်လို့ တစ်ဖွဲ့တည်းပေါင်းသင်းနိုင်တာလဲဆိုတော့ ကျွန်တော်တို့မှာတူတာ နှစ်ခုရှိလို့ပါပဲ။။
ဘယ် နှစ်ခု လဲဆိုပြီး မမေးပါနဲ့နော် ။။ ရိုက်ချင်ရိုက် လုံးဝမပြောပါဘူး။။ ( အဟီး)
ကျောင်းချင်းသာမတူကြတာ ကျူရှင်ချင်းကြတူတဲ့သူပါပါတယ် ။ ဆရာဦးတင်မောင်ငြိမ်းကျူရှင်နဲ့ ၀ိုင်း။
ဆရာမဒေါ်ခင်ဆွေဝင်းဝိုင်း ။ဆရာလတ် ကျူရှင် ။
၁၀တန်းတွေပြီးသွားကြတော့ ကျောင်းဖွင့်တာစောင့်နေရင်း စပီကင်တွေတက်ကြပါတယ် ။ အစပိုင်း ကရင်ကုန်း
ချယ်ရီလမ်းက ဖီးဖီး ဖူးဖူးဆီမှာ ။ ကျူရှင်ပြီးရင် ကရင်ကုန်းကနေ မမောနိုင်မပန်းနိုင်
ကန်တော်ကြီးပတ်လမ်းက ရွှေကိန္နရီလက်ဖက်ရည်ဆိုင် ထိုင်ကြပါတယ်။။
ကျူရှင်မရှိတဲ့နေ့ဆိုလည်း ကျူရှင်ရှိသယောင်ယောင်နဲ့ ကန်တော်ကြီးစောင်း ။ကန်တော်လေးစောင်းမှာ
သွားထိုင်ပြီး အရည်မရ အဖတ်မရတွေထိုင်ပြောတတ်ကြပါတယ်။။
မနက်၉~ ၁၁ ။လေ့ကျင့်ရေးတပ်ထဲမှာရေသွားကူးချင်တော့ အိမ်ကို ကျူရှင်ဆိုပြီး တနင်္လလာကနေ
သောကြာအထိ နေ့တိုင်းရေသွားကူးပါတယ် ။။ရေကူးတတ်တာမကူးတတ်တာအပထား ဘုတ်ပေါ်ကနေ
ဒိုင်ဗင်ထိုး ပြိုင်ကြပါတယ် ။ ပြီးရင် ကန်ဘောင်မှာတပ်ကရဲဘော်တစ်ယောက်ရဲ့မိန်းမရောင်းတဲ့
မုန့်လက်ကောက်လိုလိုခပ်ချိုချိုမုန့်တစ်မျိုးဝယ်စားကြပါတယ်။။ အပြန်လမ်းက ဈေးလေးအပြင်ဖက်တန်းမှာ
ရောင်းတဲ့ နာနတ်သီးနဲ့ ဆား သံပုရာသီးသုတ် စားကြပါတယ် ။ရေကူးကန်မှာရေကူုးတာ နဂိုက တစ်ဖွဲ့လုံးမလိုက်ကြပါဘူး
မိုးနဲ့ နွဲ့ ညီအမရယ် ။လူးစ်နဲ့ဟောင်းစ် ညီအမရယ် ။ဝိုင်အမ်စီအေနားက ကလေးမ မိုးရယ် ကျွန်တော်ရယ် ၆ယောက်ပဲရေကူးတာ
စိတ်ဝင်စားပါတယ် ။ဒီထဲမှာ မိုးက ရေအကြောက်ဆုံး ။ရေမွန်းဖူးလို့နေ့တိုင်းသွားကူးပြီး ရေမကူးတတ်တာ သူပဲရှိပါတယ်။။
ရေစိုအ၀တ်တွေကို သူငယ်ချင်းအိမ်မှာပဲလျှော်လှမ်းခဲ့ပါတယ်။။
လေ့ကျင့်ရေးတပ်ကနေ မြို့ထဲနာရီစဉ်နားကအိမ်အထိ စက်ဘီးနဲ့ပြန်ရင် ဆံပင်လည်းခြောက်လုနီနီးရှိပါပြီ။။
ဖားကူး။ လိပ်ပြာကူး သင်ပြီးသကာလ မနေနိုင်လို့ အမေ့ကို ရေသွားကူးကြောင့် ၀န်ခံလိုက်ပါတယ်။။
ရလဒ်ကတော့....သူငယ်ချင်းတွေနဲ့ရေကူးကန်လိုက်တိုင်း ရေကူးခွင့်မရှိတော့ပါဘူး။။ အမေကလုံးဝမကူးရဘူး
တားလို့ပါ။။ အဟဲ...လိမ္မာတယ်နော် ။။ကန်ဘောင်ကနေ သူတို့ကူးတာပဲထိုင်မျှော်နေဖြစ်ပါတယ်။။
မနက်ခင်းတွေ့ ။ညနေခင်းတွေ့ လို့ အားမရသေးရင် မနက်လမ်းလျှောက်ချိန်းပြီးတွေ့ကြပါသေးတယ်။။
မေမြို့ဆောင်းမနက်ခင်းလောက် လမ်းလျှောက်လို့ကောင်းတာ ဘယ်မှာမှမရှိနိုင်ပါဘူး။
( ဟီး..ဘယ်ရှိမှာလဲ ကျွန်တော်ကမေမြို့မှာပဲနေဖူးတာကိုးးး) မနက် ၅နာရီလောက် ထပြီး
မြူတွေနဲ့ပိတ်နေတဲ့လမ်းကို စမ်းလျှောက်ရင်း ကန်တော်ကြီးဘောင်ထိ သွားထိုင်တတ်ပါတယ်။။
ဟူးးးးးးး
သတိရစရာတွေချည်းပါလား
ဒီနေ့ မိုးနဲ့ နွဲ့တို့ညီအမဆီသွားလည်ရင်း ။ကလေးမ မိုးရဲ့ အတင်းကိုတုပ်ရင်း ။ကျန်တဲ့သူငယ်ချင်းများ
ကိုသတိရရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။
ကလေးမမိုး ဒီပို့စ်ကိုတွေ့ရင် ဖုန်းဆက်ပါ ။။



8 comments:

ပေါက်. tempalate လေးပြောင်းတယ်ထင်ရဲ.။ နိုင်သလောက်ဖတ်သွားပါတယ်။

ပေါက်တို့က တူတာ ၂ ခုမှာ ၁ ခုက အစားပဲနေမယ်ထင်တယ်..
- မိန်းကလေးတွေ ရေသွားကူကြတာပေါ့လေ..
ကျနော်တို့လည်း ငယ်တုန်းက အိမ်မသိအောင် ရေသွားခိုးကူးဖူးတယ်..ပျော်စရာကောင်းတယ်ဗျ...

ပေါက်ရေ.. သူငယ်ချင်းတွေအကြောင်းဖတ်ရတာ ပျော်စရာကြီးနော်... တို့က မေမြို့ကို အရမ်းကြိုက်တာ.. တခါမှသာ မရောက်ဖူးတာလေ.. အဲဒါဆိုတော့ မေမြို့ကို အရမ်းသွားချင်တာပဲ.. ဒီတစ်ခေါက်ရန်ကုန်ပြန်ဖြစ်ရင် သွားလည်မယ်လို့ စီစဉ်ထားတာပဲ.. ဘယ်လိုလာဦးမလဲသာ မသိသေးတာ.. အရင်တုန်းက အကြောင်းတွေ ပြန်တွေးပြီးရေးထားတာဆိုတော့ တို့တွေလည်း ပေါက်တို့နဲ့အတူ ရေကူးလိုက် အကြော်စားလိုက် မနက်အစောကြီး လမ်းလျှောက်လိုက်ပေါ့.. ရေကူးလည်း ၀ါသနာပါပါ့.. မကူးတတ်တာပဲရှိတာ.. အဟဲ.. စိတ်ကူးထဲမှာမို့ မနက်အစောကြီး လမ်းလျှောက်လိုက်ရတာပါ.. တကယ့်တကယ်အပြင်မှာဆိုရင် မနက်အစောကြီးဘယ်နိုးလိမ့်မတုန်း.. ပေါက်ရေ.. နေကောင်းပါတယ်.. ပြီးခဲ့တဲ့တပတ်က အလုပ်အရမ်းရှုတ်ပြီး ပိတ်ရက်မှာ ဘာမှ မလုပ်နိုင်ပဲ ငြိမ်နေလိုက်လို့ပါ.. :)

မကေအိုအမ်ရေ..
ပေါက် ပိုလှမလာဘူးလားးးး
ကိုနိ...
တူတာ၂ခုက..
လူမျိုးနဲ့ ဘာသာ(ဟားဟား)
နုရေ...
ကိုယ့်မြို့ကိုမို့လို့ပြောတာမဟုတ်ဖူး..
အိမ်ပြန်ရင် အရမ်းပျော်ဖို့ကောင်းတယ်..
တခြားမြို့သူ။သားတွေကတော့ နေတာကြာရင်ပျင်းတယ်တဲ့
မေမြို့ရောက်ရင် စောစောအိပ်ဖြစ်တယ်ဆိုတော့
စောစောလည်းထဖြစ်ပါတယ်..
မေမြို့မှာရေကူးရတာတော့ မနိပ်ဘူး ချမ်းတယ်။။
ကန်တော်ကြီးကတော့ မနက်ဖက်လမ်းလျှောက်တဲ့သူတွေအတွက်
၆~၈ အထိထင်တယ်....၀င်လမ်းလျှောက်ခွင့်ပေးတယ်
နေ့အချိန်ဆိုဝင်ကြေးဈေးကြီးတယ်..၁၀၀၀ တောင်မှ
သွားဖြစ်ရင်အိမ်ဝင်နော်..
ရှာရလွယ်တယ်။။

စိတ်ခိုင်ပါစေနော.်

ပိုတော.လှတယ် ညီမရယ် ဘက်. စာလုံးလေးတွေ ကဖြူတော. နဲနဲ ဝါးနေတယ် မမ မျက်စိ သိတ်မကောင်းဘူး။

ပေါက်ရေ သူငယ်ချင်းတွေအကြောင်း ဖတ်ရတယ်။ သူငယ်ချင်းတွေကို မင်ပုံရတယ်နော် ပေါက်က။
ပြင်ဦးလွင်ကိုလည်း လာလည်အုံးမယ်။
ရေတော့ မကူးတတ်ဘူး ရေမြင်ရင် ကြောက်လွန်းလို့

မကေအိုအမ်ရေ..
စိတ်ခိုင်ခိုင်ထားထားပါတယ်..
စာလုံးအရောင်ပြောင်းပေးလိုက်တယ်နော်..
နိနိရေ...
နိတို့ကိုလည်းခင်ပါတယ်...
လူချင်းမတွေ့ဖူးပေမယ့်..စာအရေးအသားတွေကြောင့်
စိတ်ထဲမှာရင်းနှီးနေတယ်...