ကျွန်တော် နဲ့ ယုံကြည်ချက်

အမှန်က ကျွန်တော်က နိုင်ငံရေးတွေ ဘာသာရေးတွေ ဆွေးနွေးလေ့ရှိတဲ့သူ
မဟုတ်ပါဘူး ။။ ကျွန်တော့်မှာ သူငယ်ချင်းလူမျိုးပေါင်းစုံ။ဘာသာပေါင်းစုံရှိပါတယ်။။
နိုင်ငံရေးဆိုလည်း အခုနေတဲ့နိုင်ငံမှာ ပါတီကြီးနှစ်ပါတီ ရှိပါတယ် ။။ဒါပေမယ့် ဘယ်ပါတီ
ကိုမှ အစွဲကြီးမဟုတ်ပါဘူး။။ ကိုယ်လုပ်နေတဲ့ အလုပ်က ပါတီစွဲရှိလို့လဲမဖြစ်ပါဘူး ။။
ကိုယ့်customer ထဲမှာ အစိမ်းရောင်ပါတီလည်းရှိမယ်။ အပြာရောင်ပါတီလည်း ရှိပါတယ်။။
(အစိမ်း ။ အပြာ ဆိုတာ အလွယ်ခွဲခြားခေါ်လိုက်တာပါ) ဒီကလူတွေကပါတီစွဲ အရမ်းကြီး
ကြတယ် ။။သူများတွေကဘယ်ပါတီကိုကြိုက်လဲမေးလာရင် ဘယ်တော့မှမဖြေပါဘူး ။။
အဲဒီအချိန်ကျရင် ကျွန်တော့်သူဌေးမက ကျွန်တော့်ကို စတတ်ပါတယ်။။ နင်က
ဂျင်ကလယ် ။ နင်အဲဒီလိုဖြေတော့ ဘယ်သူ့ကိုမှ မထိခိုက်ဖူး ဘာညာပေါ့။။ အမှန်က ကျွန်တော်
သူများနဲ့ အတိုက်အခံ မလုပ်လိုဘူး ။။
နောက် ဘာသာရေး ။ ကျွန်တော် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ အပေါင်းအသင်းလုပ်ပါတယ်။။ အမေ့အခင်ဆုံးသူငယ်ချင်းဆိုရင်လည်း မြန်မာလူမျိုး ဗုဒ္ဓဘာသာစစ်စစ်ပါ ။။
အဲဒီအန်တီကိုးကွယ်တဲ့ ဘုန်းဘုန်းနေမကောင်းလို့ ကြက်ပေါင်းလုပ်ပို့ပေးပါဆိုလည်း
အမေက ပို့ပေးနေကြပါ ။။ကျွန်တော်ကိုယ်တိုင် မေမြို့ပြန်လို့ ဘုန်းကြီးကျောင်းသွားတာနဲ့
ကြုံရင် လိုက်သွားနေကြပါ ။။ ကျွန်တော့်မှာ ကိုယ့်နဲ့လူမျိုးတူ ဘာသာတူသူငယ်ချင်းများသလို
အရှေ့မှာရေးခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်လုံး မြန်မာဗုဒ္ဓဘာသာစစ်စစ်တွေချည်းပါဘဲ ။။
အဲ့ .......ဒါပေမယ့် အွန်လိုင်းရောက်တော့ မှတ်မှတ်ယယ ၂၀၀၅~၂၀၀၆ လောက်က ဘာသာရေးဖိုရမ်တွေမှာ တိုက်ခိုက်နေကြတာ တအားပါပဲ ။။ အစပိုင်းမှာကိုယ့်မှာတော့
ကိုယ့်ဘာသာကို ပိုပြီးလေ့လာချင်စိတ်နဲ့ ၀င်ခဲ့မိပါတယ် ။။တစ်ခေါက်လောက် ၀င်လေ့လာပြီး
နောက်ထပ် မသွားရဲလောက်အောင် စိတ်ပျက်ခဲ့ရပါတယ် ။။ ဟိုတလောက ဘာသာတူသူငယ်ချင်း
တစ်ယောက်ရဲ့ဖိတ်ခေါ်မှုကြောင့် ဘာသာရေးဖက်ကိုသွားခဲ့ပါတယ် ။။ လေ့လာချင်တာလည်း
လေ့လာရ ။ မမြင်ချင်တဲ့ စာသားတွေလည်းမြင်ခဲ့ရနဲ့ပေါ့။။ ဒီလိုနဲ့ နောက်ဆိုက်ဒ်တစ်ခုရဲ့
ဘာသာရေး မဟုတ်တဲ့ ဂီတဖိုရမ်ထဲမှာ လူမျိုးရေးနဲ့ ဘာသာရေးကို အသားလွတ်ထိခိုက်ထားတာ
တွေ့လို့ မနေနိုင်လို့ဝင်ပြောမိပါတယ်(အေးချမ်းစွာနဲ့ပြောတာပါ။နားမခံသာစရာတစ်လုံးမပါ)
အဲဒီယူဇာနဲ့သူ့သူငယ်ချင်းတစ်ယောက်က သူတို့ကျွမ်းကျင်တဲ့ စကားလုံးတွေနဲ့ တရစပ်
ပစ်ခတ်ပါတော့တယ် ။။ ကျွန်တော်ကတော့ပြန်ပြောလိုက်ပါတယ် ။။ကျွန်တော်ရန်မဖြစ်တတ်ပါဘူး
ကျွန်တော်ရန်မဖြစ်ရဲပါဘူး လို့။။ ကျွန်တော့်စိတ်ထဲမှာတော့အရင်က ဒီဆိုက်ဒ်(နောက်က ဆိုက်ဒ်)ကို
တရားမျှတတဲ့ဆိုက်ဒ်အဖြစ် သဘောကျခဲ့ပါတယ်။။ အဓိကကတော့ ဒီဆိုက်ဒ်မှာ ဗုဒ္ဓဘာသာကလွှဲလို့
ဘယ်ဘာသာကိုမှတော့ပစ်မတင်ထားပေးလို့ ပိုသဘောကျခဲ့ပါတယ် ။။
ကျွန်တော်မှားကောင်းမှားပါလိမ့်မယ် ။အမြင်မတော်တာဝင်ပြောမိတဲ့အတွက်။။
အမှန်က ကျွန်တော်ဘာသာရေးအတွက်နဲ့လည်း သူတပါးနဲ့အတိုက်အခံမလုပ်လိုပါဘူး ။။










4 comments:

ဟားဟား
ဘာသာရေး...ဘယ်သူ့မှဝင်မဆွေးနွေးရဲတော့ဘူး..
ကိုယ်ကလည်းရောက်တတ်ရာရာရေးမိတာကိုး

အဟိ..ပေါက်ကလဲ...
ရေးပါတယ်ဗျ..
အားလုံးအဆင်ပြေပါစေဗျာ..
ကိုဇနိ

ပေါက်ရေ.. တို့လည်း ဘယ်ဘာသာကိုမှ ကောင်းတယ် မကောင်းဘူးဆိုတာ မရှိပါဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်လျှောက်နေကြတာပဲ မဟုတ်လား.. ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရမယ် မကောင်းတာလုပ်တာ မကောင်းတဲ့အကျိုးခံစားရမယ်.. ဒါက သဘာဝပဲ.. ဘယ်ဘာသာတရားမှာမဆို ဒီလိုပဲရှိမှာပဲ.. ဒါကြောင့် ပေါက်ရေ.. ဘာမှ စိတ်ထဲမထားပါနဲ့နော်.. အဓိက လူပီသဖို့နဲ့ စိတ်ရှင်းရှင်း ခင်ကြဖို့ပဲလိုပါတယ်.. (အဟိ..ချာကြီးလုပ်သလိုဖြစ်သွားရင် ချောတီးပါ ပေါက်ရေ..:D )

ကိုနိရေ..
ရေးလို့ရတယ်ဆိုလို့ ၀မ်းသာပါတယ်
နုရေ..
လူပီသဖို့နဲ့ စိတ်ရှင်းရှင်းခင်ဖို့ ဆိုတဲ့စကားလေးကိုကြိုက်သွားပြီ...
ကျေးဇူးပါ