10/08/2008




သွေး (သွေးအမျိုးအစားများ)

ဟိုနေ့က တီဗွီအစီအစဉ်မှာ သွေးအမျိုးအစားတွေအကြောင်း ကြည့်ရပါတယ်။။
A သွေး, Bသွေး , O သွေး နဲ့ ABသွေးဆိုပြီးတော့..
အစီအစဉ်ထဲမှာတော့...
Aသွေးပိုင်ရှင်တွေဟာ အနေအေးတယ် ။ သူတစ်ပါးအတွက် အနစ်နာခံကူညီတတ်တယ်
ပြဿနာဖြစ်မှာကြောက်လို့ သူတစ်ပါးနဲ့ အလိုက်အထိုက်နေတတ်တယ် ။ ကပ်စေးကုပ်တယ်။
ငွေရေးကြေးရေးစီမံခန့်ခွဲတတ်တယ် တဲ့။။ တုန့်ပြန်မှုအေးစက်တယ်။A သွေးပိုင်ရှင်တွေ
စိတ်ထဲမှာ ဘာကိုတွေးနေလဲဆိုတာ အပြင်လူမသိနိုင်ပါဘူးတဲ့ ။

B သွေးပိုင်ရှင်များကတော့ ပျော်ပျော်နေတတ်တယ် ။ သူတပါးစကားနားယောင်လွယ်တယ်
ဆုံးဖြတ်ချက်မပြတ်သားဘူး( နောက်ဆုံးတစ်စက္ကန့်အထိ တွေဝေနေတုန်းပဲ..တဲ့)
(နောက်ရှိသေးတယ် မမှတ်မိတော့လို့..)

O သွေးပိုင်ရှင်တွေကတော့ စိတ်ဆိုးစိတ်ကောက်လွယ်တယ် ။စိတ်ပြေလွယ်တယ် ။
လိုချင်တာ မရရအောင်ယူတတ်တယ်တဲ့ ။ခေါင်းမာတယ် ။

AB သွေးကိုတော့ လူအများစုအကြောက်ဆုံး အပေါင်းအသင်းမလုပ်ချင်ဆုံးသောသွေးတဲ့။။
အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်တတ်တယ်တဲ့ ။ AB သွေးပိုင်ရှင်တွေဟာ စိတ်ထဲမှာရှိတဲ့
အတိုင်း မျက်နှာမှာဖေါ် ပြတတ်ကြတယ် ။။စိတ်မကြည်ရင်လည်း မျက်နှာဆူပုပ်ပြဖို့
ဝန်မလေးဘူးတဲ့ ။။

ကျွန်တော်ကတော့ အို သွေးအမျိုးအစားပါ ။ ဘ၀မှာအရင်းနှီးဆုံးABသွေးပိုင်ရှင်
ရှိခဲ့ဖူးပါတယ်။။ ကျွန်တော့်အတွက်တော့ ABသွေးက ကောင်းသောမိတ်ဆွေပါ။။
A သွေးကိုတော့ ကျွန်တော်နားလည်အောင်ကြိုးစားခဲ့ပေမယ့် တကယ်ပဲ ခက်ခဲခဲ့ပါတယ်။။

မှတ်ချက်။။ စိတ်ထဲရှိတာသက်သက်မို့ အမှားပါရင် ခွင့်လွတ်ပါ။။


















11 comments:

  1. ကျနော်က အေဘီဆိုတော့ - သိပ်တော့ မကောင်းဘူးပေါ့နော် ဟ ဟ
    ပြောပြထားတာတွေ မှန်တယ်လို့ ယေဘူယျ ပြောလို့ရပါတယ်..
း)

    ReplyDelete
  2. ကိုနိက ဘီ ဆို..
    နိနိကမှ အေဘီဆို...
    အေဘီသွေး မကောင်းဘူးလို့ မပြောပါဘူး
    လူကြိုက်မများဘူး လို့ဆိုချင်တာပါ။။
    ဒါမဲ့..ပေါက်က အေဘီသွေးတွေကို ကြိုက်တယ်လေ..
    အေ သွေးတွေကို နားမလည်တာ...
    ဘီသွေးတွေကိုကြောက်တာ..
    အိုသွေးလေးတွေပဲ လိမ်လိမ်မာမာလေးတွေ..
    အဟီးး

    ReplyDelete
  3. ပေါက်ရေ သေချာအောင် မှတ်ပုံတင်ကို ပြန်ကြည့်တော့ အေဘီဖြစ်နေတာ - ပြောဖို့မေ့သွားတာ- ကျနော်နဲ့ နိနိက တူတူ..

    ReplyDelete
  4. အဟီး.. ဒါဆို အနော်လည်း လူလိမ်မာသမီးလေးပေါ့နော်.. :D တို့လည်း O သွေးပဲ ပေါက်ရေ.. စိတ်ကောက်တာတော့ ပြောမနေနဲ့တော့ လူက တွန့်လိမ်နေတာ.. စိတ်ပြေတာလည်း မြန်မှမြန်ပဲ.. ဒီပို့စ်မှာရေးထားတဲ့အချက်တွေနဲ့ အတော်များများ ကိုက်ညီတယ်လို့ပြောလို့ရတယ်.. တို့အမျိုးသားက AB။ :)

    ReplyDelete
  5. ၂ အေဘီ ပါ့လား နိနိနဲ့ ကိုနိတို့က
    ကောင်းပါ့...ဟီးဟိ
    နုရေ...
    ပြောစရာတစ်ခုကျန်သွားတာက..
    အေဘီသွေးပိုင်ရှင်တွေကဥာဏ်ကောင်းကြတယ်တဲ့
    အေးတိအေးစက်နဲ့တဲ့..
    ဒါပေမဲ့ အေဘီသွေးတွေကအိုသွေးတွေနဲ့တွေ့ရင်
    အိုသွေးတွေကိုလက်မြှောက်အရှုံးပေးရတာချည်းပဲတဲ့
    ဟီးဟိ..
    ယုံချင်ယုံ..မယုံချင်နေ(နိနိရေ..ဟားဟ)
    အမှန်က အိုသွေးတွေက ကောက်လွယ်..ပြေလွယ်မို့..
    အေဘီတွေက မတတ်နိုင်တာပါ...

    ReplyDelete
  6. တို့ လဲ အိုသွေးပဲ… ဟဲဟဲ… ကျန်သေးတယ်လေ… ရုပ်ချော…သဘောကောင်း… ကိုယ့်ဘာသာ ထပ်ဖြည့်လိုက်တာ…

    ReplyDelete
  7. ပေါက်ရေ. အေဘိနဲ.အေဘီပေါင်းရင် ဘာထွက်မှာလဲဟင်. အိုလား အေလား ဘိလား အေဘီလား။

    ReplyDelete
  8. The Biology Project Blood Type Calculator

    Parent 1 Blood Type Parent 2 Blood Type
    AB AB
    Possible Type of Child

    A, AB, B

    မကေအိုအမ်ရေ..
    အေဘီ+အေဘီပေါင်းရင်..အိုမပါဘူး
    မကေအိုအမ်ရော..ဘာသွေးလဲ..
    မတန်ခူးရေ...
    တူတူပဲဆိုတော့...နိနိတို့တော့..ငှဲငှဲငှဲ

    ReplyDelete
  9. တို့ကတော့ အို သွေး..။
    မတန်ခူး ပြောတာ ထောက်ခံတယ်။
    တို့ အမျိုးသားက ဘီ သွေး။
    အဲဒီအချက်တွေနဲ့တော့ လုံးလုံး မကိုက်ဘူး။ ပြတ်လွန်းလို့ ပြတ် ပြတ်တောင် မြည်နေသလိုပဲ..:)

    ReplyDelete
  10. မချိုသင်းရေ..
    ဘီသွေးတွေက စိတ်ဓါတ်ပြတ်သားချင်
    ပြတ်သားမယ်...
    ဆုံးဖြတ်ချက် တစ်ခုခုကိုချဖို့ တွေဝေသလား လို့
    အဟီးး
    ကျွန်တော့်သူဌေးမက ဘီသွေး

    ReplyDelete
  11. A သွေးပိုင်ရှင်မှာ ကပ်စေးကုပ်တာကလွဲလို့ ကျန်တာတော်တော်လေး မှန်သလိုလိုရှိတယ်..

    ReplyDelete