秋刀魚(ဂျပန်လိုhiragana ငါး)ကိုကြော်ချက်စားဖြစ်ပါတယ်..
အခုချက်တဲ့နည်းကတော့..ကိုရီးယားမှာနေတဲ့တရုတ်(်山東人)တွေ
ချက်တဲ့နည်းလေးပါ..
ကိုယ့်သူဌေးကကိုရီးယားတရုတ်ဆိုတော့..အခုလိုအချိန်ဆောင်းဦးဆိုရင်..
ဒီဟင်းချက်စားလေ့ရှိပါတယ်...
ဒီငါးကဈေးလည်းသက်သာ..စားလို့လည်းကောင်းဆိုတော့..အမြဲချက်စားဖြစ်ပါတယ်..
ပေါချောင်ကောင်းပေါ့..အဟဲ..
1) ငါးကိုအတုံးတုံးထားပါ....ဆားနဲနဲလေးနဲ့နယ်ထားပါ
၂) ကြက်သွန်နီပါးပါးလှီးထား..ကြက်သွန်ဖြူဓါးပြားရိုက်ပြန်စိပ်ထား..
ငြုပ်သီး၎..၅တောင့်လောက်လှီးထား..ကြက်သွန်မြိတ်၂ပင်၃ပင်...လှီးထား...
ဂျင်းစိမ်းအပြားလှီးထားပါ..
၃)ကိုရီးယားငြုပ်သီးမှုန့်အနည်းငယ် နဲ့ကြာညို့အငန်( ပဲငန်ပြာရည်အကြည်)၅ဇွန်းလောက်
သကြားနဲနဲ...
ငါးကိုအရင်ကြော်ပါ...မီးသေးသေးနဲ့ ၂၅မိနစ်လောက်...ပြီးရင်ဒယ်အိုးဘေးကိုပို့ထားပါ..
၂ ကိုပုံပါအတိုင်းထဲ့ကြော်ပါ...၂မိနစ်လောက်..ပြီးရင်..၃ကိုထဲ့ကြော်ပါ....
ြ၂နဲ့၃ကို.. ၂မိနစ်လောက်မွှေကြော်ပါ..ပြီးရင်ဘေးကငါးကြော်ကိုရောမွှေကြော်ပါ..
၅မိနစ်လောက်...
စားနိုင်ပါပြီ...
ရေမထဲ့..ဆားထပ်မထဲ့ပါ...


4 comments:

စားသွားပါသည်. မှတ်ထားသည်.

ပေါက် က ကိုရီးယားအစားအစာလည်း ချက်တတ်တာပဲ.. အဲဒီငါးတွေဒီမှာ တွေ့နေရတယ် ဒါပေမယ့် တခါမှ မချက်စားဖူးလို့ အရသာလည်း မသိဘူး။ အင်း.. ပေါက် ပြောသလို ချက်စားကြည့်ဦးမယ်.. မဆိုးဘူးနော်.. ငါးစားချင်ပေမယ့် ဒီက ငါးတွေက ညှီလို့ တော်ရုံဆို မချက်စားဖြစ်ဖူးရယ်.. :) ချက်စားဖို့ မှတ်ထားတာတွေတောင် အတော်လေးများနေပြီ။ :P

မဇနိကတော့ ငါးဆိုတာနဲ့ ပြေးပြီ
သူက ငါးဆိုမကြိုက်ဘူးဗျ
ကျနော်ကတော့ ငါးဆိုကြိုက်တယ်
ပြောလို့သာပြောတာပါ အသား ငါးက မရှောင်ပါဘူး
း) အကုန်ကြိုက်တယ်....
ဓာတ်ပုံတွေကို စားသွားပါတယ်ဗျား)

မကေအိုအမ်ရေ...မှတ်မထားနဲ့နော်..
လုပ်စားကြည့်ပါ..ဟီး
နုရေ...ပေါက်..သူဌေးကကိုရီးယားက
တရုတ်..ဆိုတော့..သူတို့အစာတွေလည်း
စားဖြစ်..ချက်ဖြစ်ပါတယ်..
ကိုနိရေ...
မနိကို..ဒီငါးဟင်းချက်စားကြည့်လို့...
ဒီငါးကိုမကြိုက်တဲ့သူတောင်..ဒီချက်နည်း
နဲ့ချက်ကျွေးတာ..လျှာလည်သွားတယ်..အဟီ
သူ့လျှာလည်နေတာ..မျက်မြင်ကိုယ်တွေ့...ဟားဟား