အရင်က ပေါက်

နိုင်ငံခြားထွက်လာခါစက...
ထမင်းလည်းမချက်ဘူး...
ဟင်းလည်းမချက်တတ်ဘူး...
ဈေးတော့နည်းနည်းပါးပါးဝယ်ဖူးပါတယ်...
(အိမ်က သတ်မှတ်ပေးတဲ့ဆိုင်တွေဆီကပဲပေါ့..တခြားဆိုင်ဆိုမ၀ယ်တတ်တော့ဘူး)
မှတ်မိသေးတယ်...
ဒီကိုထွက်လာခါစက...အမျိုးတစ်ယောက်အိမ်မှာနေ့တိုင်းထမင်းစားတယ်..
တစ်နေ့တော့....ကိုယ့်ကိုတာဝန်ပေးလာပါတယ်...
သူအပြင်သွားစရာရှိလို့တဲ့ သူ့အိမ်သားတွေကို ပန်းမုံလာကြော်ကျွေးလိုက်ပါတဲ့
ပန်းမုံလာကိုလည်းသူကလှီးချွတ်ပြီးသားအသင့်လုပ်ပေးထားတယ်..
ကြော်ရုံပါပဲ..
ပြဿနာလာပါပြီ...
ပန်းမုံလာကိုဒယ်အိုးထဲထဲံ့ပြီး..
အိုးဖုံး..ဖုံးရမလား..မဖုံးရဘူးလားဆိုတာ..မသိပါဘူး...
အို........အစိမ်းကြော်ကြော်တာပဲ ဖုံးစရာလိုမယ်မထင်ပါဘူးလေ..ဆိုပြီး
မဖုံးပဲထားလိုက်တယ်..
အိမ်သားတွေထမင်းစားကြတဲ့အခါ ပန်းမုံလာကြော်က အစိမ်းကြီးတွေရှိသေးတယ်..
ဦးလေးကြီးက ဒီဟင်းမကျက်သေးဘူးဆိုပြီးထပ်ကြော်ပါတယ်...
အဟီးဟိ...
မှတ်မိပါသေးတယ်..
အိမ်မှာနေတုန်းက...တရက်...ငါးဟင်းဆီပြန်ချက်တတ်ချင်တယ်ဆိုပြီး..
ချက်ကြည့်ပါတယ်...
ငါးကအတွင်းသားမကျက်ပါ...ဆားအလွန်ပေါ့ပါတယ်....
(ကျွန်တော် အငန်မကြိုက်ပါ..အချိုမှုန့်မကြိုက်ပါ)
မောင်လေးတွေနဲ့ညီမလေးကကွယ်ရာမှာ နှာခေါင်းရှုံ့ပါတယ်..
နောက်တခါ ပေါက် ကို ပေးမချက်ပါနဲ့..လို့ အမေ့ကိုပြောပါတယ်...
သြော်................
တခါက...
တခါက............




6 comments:

ပေါက်ရေ... အဲဒါတွေက ဘယ်လိုပြောမလဲ.. သိုင်းကျမ်းမအောင်သေးခင်အဆင့်ပေါ့... အခုတော့လည်း လာစမ်း ဘယ်လိုချက်ရမလဲ ချက်ပစ်လိုက်မယ့် ပေါက် ဖြစ်နေပြီ မဟုတ်လား... :D ပေါက် လက်ရာတွေ ကြည့်ရတာ စားကောင်းမယ့် ပုံပါ။ တို့တွေလည်း အဲဒီလိုပဲ.. စ ချက်တုန်းကတော့ လက်မှာ ဟင်းအိုး အပူဟပ်ရတာနဲ့၊ ဆီပူ လာစင်ရ တာနဲ့။ ဒဏ်ရာတွေချည်းပဲ။ အခုလည်း အရမ်းချက်တတ်တယ် မထင်ပါနဲ့။ ပုံမှန်ပဲ လို့ပြောမလို့ပါ.. အဟီး.. :D

ကျနော်လည်း ပေါက်လိုပဲ..... အစကတော့ ယောင်ဝါးဝါး..
ကြာတော့လည်း လက်က ယဉ်ပါးလာတာပါပဲ..
း)

နုရေ...နိရေ...
ပေါက်ကချက်တတ်ပြီဆိုပေမယ့်...
မြန်မာဟင်းတွေမချက်တတ်ဖူး...
မြန်မာဟင်းတွေပိုကြိုက်တယ်...
အခုတလောရေးချင်စိတ်မရှိသေးတာရယ်..
ဘာရေးရမှန်းမသိသေးတာရယ်...
အလုပ်က...နဲနဲအဆင်မပြေနေတာရယ်နဲ့..
မရေးဖြစ်ဖူးဖြစ်နေတယ်...အဟီးး

ပေါက်ရေ...
စိတ်အား လူအားဖြစ်ရင် ရေးနော်..
အမြဲအားပေးနေတယ်

လည်လာပါသည်။

တန်းပလိတ်အသစ်လေးနဲ့ လှနေပါ့လား ပေါက်