ပုဇွန်ပင်စိမ်းကြော် နဲ့ ဖီတန်(ဆေးဘဲဥ)သုတ်



ဟီးဟိ...
မနေ့ကညီမလေးကလာကြည့်ပြီး..
ပေါက် ဘလော့က ဟင်းတွေအကြောင်းချည်းပဲတဲ့..
ဒီနေ့လည်းဟင်းအကြောင်းပါပြောပါရစေ..
၁)ပုဇွန်ကိုကျောခွဲရေဆေးထားပြီး.၁၅မိနစ်လောက်
.ကြက်သွန်ဖြူ ..ကြာညို့အငန်..နဲ့နှက်ထားပေးပါ
၂) ကြက်သွန်နီ၁၊၄ စိပ်ထား..ငြုပ်သီးခြောက်အသင့်ပြင်ထား
ခရမ်းချဉ်၁လုံး၈စိပ်စိပ်ထားပါ...
၃) ပင်စိမ်းအနည်းငယ်ရေစင်အောင်ဆေးထားပါ...
ဒယ်အိုးထဲမှာ ဆီသင့်သလိုထဲ့ပြီးဆီကျက်လျှင်
နှက်ထားတဲ့ပုဇွန်ကို ရှဲကနဲမြည်အောင်ကြော်ပါ...၁မိနစ်လောက်..
ချက်ချင်းပန်းကန်တလုံးထဲမှာဆယ်ထားပါ..
ဆီနဲနဲထပ်ထဲ့ပြီးငြုပ်သီးခြောက်ကိုအရင်ကြော်ပါ..
ပြီးရင်..ကြက်သွန်နီစိပ်ပြီးသားထဲ့ကြော်ပါ..ပြီးရင်ခရမ်းချဉ်သီးထဲ့ကြော်
ခရုဆီနဲနဲ နဲ့ ဆားထဲ့ပါ..၂မိနစ်ကြာကြော်ပါ
ပြီးရင် ကြော်ပြီးသားပုဇွန်နဲ့...စစ်ထားတဲ့ပင်စိမ်းထဲ့ပြီး
၁မိနစ်ကြော်ပါ...
သုံးဆောင်နိုင်ပါပြီ....
အော်..
ပြီးတော့ဖီတန်(ဆေးဘဲဥ)လည်းသုတ်ပါတယ်..
ဖီတန်ကတော့လူတိုင်းသုတ်တတ်မှာပါ...






12 comments:

၂ ခုလုံးကြိုက်တယ်...
စားချင်တယ်..... စားချင်တယ်

ပုဇွန်ချက်နဲ့ ဆေးဘဲဥသုတ်ကြည့်ရတာ စားကောင်းမယ့်ပုံနော်.. ဒီမှာလေ ပင်စိမ်းရှာမရသလိုပဲ.. ကိုယ်မသိတာလည်း ဖြစ်မယ်။ မြန်မာပြည်မှာကတည်းက ပင်စိမ်းက သိပ်မစားဖြစ်ဖူးရယ်.. အဟီး.. ဆေးဘဲဥလည်း တခါမှ မသုပ်ဖူးပါဘူး.. ပြင်ထားပေးတာလေးတွေကို ကြည့်ပြီး စားချင်လိုက်တာ.. :D

ကဲ စားချင်တယ်တဲ့ ပေါက်ရေ ကိုဇနိက
ဘယ်လိုလုပ်မလဲ
တကယ်က နိနိလည်း စားချင်တယ်ရယ်
မဇနိ

၂နိရေ...
ပုဇွန်ဟင်း ချက်တာလွယ်တယ်...
ပြောထားတဲ့ပစ္စည်းတွေရှိရင် ချက်ရတာခဏလေး
နုရေ...ဆေးဘဲဥ အတွက် ထဲ့တဲ့အစာတွေ
အားတဲ့တစ်နေ့ ပုံနဲ့တကွဖေါ်ပြမယ်နော်..
ပေါက်လည်း ပင်စိမ်းကိုမြန်မာမှာနေတုန်းက
မစားဖူးဘူး
ကြားဖူးတယ်...
ပင်စိမ်းမရှိလည်း..ကြက်သွန်မြိတ် ထဲ့ပေးလို့ရတယ်နော်..

ပညာယူ သွားတယ် ညီ မ. စုံ ထောက် ကြီး ဦးစံ့ရှား ရဲ့ တွေး ခေါ် ချက် အရ ဆိုရင် ညီမ ချက် နည်း က နဲနဲ Chinese ဆန် တယ် ဆိုတော. Chinese သွေးလေး ပါမယ် ထင် တယ်။ ဒါလေး များမ မရယ် တိုင်ဝမ် မှာ နေ ပါတယ် ဆို မှ လို့ ပြော ဦး မလား။ ရှမ်းသွေး လည်း ပါမယ်။ တို.ဟူး တို. မြီးရှည် တို့ ချက်စား တတ်ါတယ်။

ဦးစံရှားရဲ့မြေးမကေအိုအမ်ရေ...
အမရဲ့တွေးခေါ်ချက်မှန်တယ်..သိလား
အဖေလည်းတရုတ်..အမေလည်းတရုတ်..

ဒါဆို နှစ်ရုပ်ပေါ့။

ဆေးဘဲဥကို ဖီတန်လို့ရေးထားတော့..
ပြင်ဦးလွင်သူ သူငယ်ချင်းမလေးတစ်ယောက်ကို
အရမ်းသတိရသွားတယ်...
သူက သ နဲ့ တ ကိုလည်းပြောင်းပြန်ပြောတယ်။
"ဒီနေ့ကျနော် ဖီသန် တုတ်ထားတယ်" ဆိုလို့သွားကြည့်တော့ ဆေးဘဲဥသုတ်တွေ...
ရုံးပတီသီးကို ရုံးပလွေသီးတဲ့။
ပေါက်ရောအဲ့လိုပဲပြောလား...:)))))

sin dar larရေ..
လာလည်တဲ့အတွက် ကျေးဇူး
ဒီအိမ်လေးမှာဘာမှမရှိဘူးနော်..
တခါတရံရေးချင်ရာရေးတတ်တာပဲရှိတာ..
အဟီးးး
ပေါက်က မြန်မာစကားကို..
သာမာန်မြန်မာတစ်ယောက်ထက် ပီတယ်လို့..ထင်တာပဲ..ဟဲဟဲ

ရေးချင်တာရေးတဲ့ဘလော့ ကိုငါ ဘာလို့လာဖတ်မိပါလိမ်.။ :D

အာာာာာာာာာာ
မကေအိုအမ်...
ဝင်လာပြီးရင်ပြန်ထွက်လို့မရဘူးနော်..ဟီးဟိ
မလာပဲမနေရဘူးးးးးးးးးးး

ပေါက်က ဘာလို့ ပေါက်လို့ နံမည်ရနေလဲဆိုတာ ခုတော့ သိပြီ။
ပေါက်ကရတွေးပြီး ပေါက်ကရရေးပြီး.. ပေါက်ပေါက်ရှာရှာနိုင်လို့ မဟုတ်လား။

ပုဇွန်ဟင်းပုံကို တွေ့ပြီး စိတ်ဝင်စားလို့ ဆက်ဖတ်တာ ရီနေရတယ်။ ရေးပုံတွေကို သဘောကျလွန်းလို့။ ရှဲကနဲ ကြော်ပါဆိုတာလည်း ပါရဲ့။ =D

Ici