မုန်လာဥဟင်းရည်



ငါးကြော်ချက်နဲ့ တွဲစားဖို့...
မုန်လာဥဟင်းရည်ချက်ပါတယ်..
လိုအပ်တဲ့ပစ္စည်းတွေကတော့...
၁) မုန်လာဥ ထက်ချမ်းခွဲပြန်စိပ်ထား..
၂) ကြက်သွန်ဖြူ ၅..၆..ဥ ဓါးပြားရိုက်ပြန်စိပ်ထား..
၃) ငါးသေးသေးလေးအခြောက်ရေဆေးထား
်(ငါးခြောက်သေးသေးလေးကကိုရီးယားနဲ့ ဂျပန်မှာအသုံးများပါတယ်)
အိုးတစ်လုံးထဲမှာရေ..သင့်အောင်ထဲ့ပြီး ..(၂) နဲ့( ၃) ကိုထဲ့ကျိုထားပါ..
..မီးအလတ်စားနဲ့တည်ပဲါ့..ရေခန်းရင် ရေထပ်ထဲ့ပါ..
မိနစ်၂၀ကြာရင်..(၁)ကိုထဲ့ပါ ..ဆားသင့်သလိုထဲ့ပါ..
ဟင်းချိုမှုန့်မစားလို့..ဒီအတိုင်းချက်ပါတယ်..ငါးခြောက်ကအချိုဓါတ်ပါပါတယ်
မုန်လာဥနှူးတဲ့အထိချက်ပါ..ပြီးရင်..မီးပိတ်ပြီးးကြက်သွန်မြိတ် ခပ်ပေးပါ..
ငါးကြော်ချက်နဲ့ လိုက်ဖက်ပါသည်။။
နိရေ...
ငါးကြော်ချက်မကြိုက်ရင်..ဒီဟင်းရည်နဲ့ပဲမျှောရမှာနော်..ဟီးဟိ


9 comments:

ပေါက်ရေ ဒီဟင်းရည်မျိုးတော့ ကြိုက်တယ်
ငါးမို့လို့ ထွက်ပြေးနေတာ ဟဲ ဟဲ
သမီးလေးဓါတ်ပုံရော မတင်ဘူးလား
မဇနိ

အားလုံးကြိုက်တယ်။

အစားတွေနဲ့ နှိပ်စက်ကြတယ်ပေါ့… ကျွန်မက ပုဇွန်ခြောက်နဲ့ ချက်တာ… နောက်တခါ ကိုပေါက်လို ငါးခြောက်လေးတွေနဲ့  စမ်းကြည့်ဦးမယ်…

အစားအသောက်ဘက်ရောက်သွားပြီး ကျေးဇူးတင်စကားပြောဖို့ မေ့ သွားတယ်… သတင်းလာမေးတာ ကျေးဇူးပါကိုပေါက်ရေ… ခုသက်သာလာပါပြီ…

နိရေ...
ချက်ကြည့်နော်...
မကေအိုအမ်ကြိုက်ရင်များများစားသွားနော်..
မတန်ခူးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မပေါက် ပါဆို..
အဟီးး
နေကောင်းအောင်နေအုန်းနော်..
ဘာဖြစ်တာလဲ..
အစာအိမ်ဆိုပြီးတော့..ပြောနေကြတာပဲ..
ကျွန်တော်လည်းအစာအိမ်မကောင်းဘူး
ဟီဟိ..
အဖော်စပ်နေတာ

ပေါက် ချက်တဲ့ဟင်းတွေက မြန်လည်းမြန် ချက်လို့လည်း လွယ်တဲ့ဟင်းတွေနော်... အဲဒီငါးလေးတွေ တွေ့တယ်.. ကြော်စားဖြစ်တယ်.. ငရုတ်သီးအကြမ်းမှုန့်နဲ့ ရောကြော်စားတာ။ ဒီမှာကလေ အဲဒီလို ငါးအသေးလေးတွေက အစားစားပဲ.. ကိုယ်ကတော့ အတူတူပဲထင်တာ.. တကယ်တမ်းကြော်စားကြည့်ရင် မတူပြန်ဘူး.. တချို့ငါးလေးတွေက ရေဆေးလိုက်ရင် ခေါင်းနဲ့ ကိုယ်က တခြားစီဖြစ်သွားရော.. ဘာကွာလည်း မသိ.. :D

နုရေ...
ငါးသေးသေးလေးတွေက..
အခြောက်နော်...
လတ်ဆတ်တဲ့ငါးမဟုတ်ဖူး...
အဲဒီငါးသေးသေးအခြောက်လေးတွေကို
၂ရေလောက်ဆေးပြီးရင်..အိုးထဲပစ်ထဲ့
ကြက်သွန်ဖြူကိုလည်းဓါးနဲံစင်းပြီး
ပစ်ထဲ့..
အိုးရဲ့ ၃ပုံ၂ပုံလောက်ရေထဲ့...
အရင်ဆူအောင်တည်..ပြီးမှမီးသေးသေးပြောင်း
အဟဲပြီးရင်..ပုံမှာပြောထားတဲ့အတိုင်း...
နောက်အားရင်..
ငါးသေးသေးအခြောက်လေးတွေ..
တခြားနေရာမှာအသုံးပြုတာတွေပြောမယ်နော်

ပေါက်ရေ… အသစ်တွေ မတင်ဘူးလား… အလုပ်တွေ ရှုပ်နေလား….

မတန်ခူးရေ...
ကျွန်တော်မအားတာမဟုတ်ဖူး...
အားတာလည်းမဟုတ်ဖူး...
အဟီးး
အခုတလော..ဘာရေးရမှန်းလည်းမသိတာရယ်..
ကလေးကိစ္စတွေရယ်နဲ့...
ဘာရှုပ်လို့ရှုပ်မှန်းမသိ...
ဒီနေ့တော့...အသားကုန်ဘီးဇီးတာ...
အလုပ်အဆင်မပြေတာလည်းပါမှာပေါ့..အဟဲ..
ရောင်းအားတွေကျတော့...လူကထိုင်မရ
ထမရနဲ့.....ဘယ်လိုထုချေလွှာတင်ရမှန်းကိုမသိ ဖြစ်နေတယ်...
စိတ်ထဲရှိတာတွေပြောမိနေပြီ..
ဆောတီးး