သစ်သီး



မြန်မာလို..ဘာအသီးခေါ်လဲတော့မသိဘူး..
တောင်းထဲမှာ..သင်္ဘောသီးရယ်..ဂရိတ်ဖရုသီးရယ်..အနီရောင်နဲ့မီးတောက်လို
အသီးရယ်...ထဲ့ထားတာပါ..
ဒီအနီရောင်သစ်သီးက..၀မ်းပူကျစေတယ်..တဲ့..
တရုတ်လို火龍果 လို့ခေါ်ပါတယ်..


6 comments:

အမလည်း အဲဒီအသီးနာမည် သေချာတော့ မသိဘူး. ဒါပေမယ့် ရွှီးလိုက်ဦးမယ်... နဂါးမောက်သီးလား မသိဘူး..ဟိ.ဟိ.. မှားရင်တော့ ချောရီးပါနော်.. အသီးနာမည်မှာ နဂါးတော့ ပါတာ သေချာတယ်.. :D ဒါပေမယ့် တခါမှ မစားဖူးဘူး.. စားကြည့်ချင်သား.. အရသာ ဘယ်လိုနေလဲဟင်.. :D

နုစံရေ...
လာလည်တဲ့အတွက်ကျေးဇူး...
ဒီအသီးကအနံ့တမျိုးရှိတယ်..
စားရမခက်ဖူး.ချိုတယ်.အဲ့အန့ကလွဲရင်ပေါ့..
ဒီဟာကအူဖြူသီးပေါ့်နော်..
နောက်အူနီသီးလည်းရှိတယ်..
နောက်ရက်ဝယ်ပြီးတင်ပေးအုန်းမယ်..
မေမြို့ကိုလာလည်ရင်...တရုတ်နှစ်ကူးလောက်လာလည်နော်..
အဲဒီအချိန်ဆို..မြန်မာပြန်တတ်လို့...
နုစံ..ပေါက်တို့အိမ်လည်းလာလည်လို့ရတာပေါ့နော်..
မေမြို့အကြောင်းစုံအောင်ရေးချင်ပါတယ်..
စာရေးမကောင်းလို့..
အကြောင်းအရာတွေက..ဟိုရောက်ဒီရောက်..ဖြစ်တတ်လွန်းလို့
အရင်တုန်းကစာစီစာကုံးဆို..တစ်မျက်နှာပြည့်အောင်ရေးတတ်တာမဟုတ်ဖူး
အဲ့လောက်တော်တာ..မြန်မာစာအရေးအသား..ဟီးး
နုစံကအရေးအသားတော်တယ်..(နုစံဘလော့ကို..သွားသွားလည်နေလို့သိတာ)
မရေးရင်လုံးဝမရေးဘူး..
ရေးပြန်တော့လည်းဖတ်တဲ့သူကိုအရမ်းစွဲဆောင်နိုင်တယ်

အဟီးး..လေရှည်သွားပြီ...
နုစံရေ..နောက်လည်းလာလည်နော်..

အသီးလေးက စားချင်စရာလေး။
မမနုစံလာလည်ရင် မဇနိလည်း လိုက်လာမယ်။
ဒါနဲ့ ပေါက်အကြောင်းလေးဘာလေး ရေးပါအုံး ဖတ်ချင်လို့ပါ။
မဇနိ

နိရေ..
ပေါက်အကြောင်းပြောစရာအထူးမရှိပါဘူး
တူနှစ်ကိုယ်တိုင်းပြည်မှာ..(ချစ်သမီးလေးနဲ့အတူ)
ပေါက်+ချစ်တမီး၀၀လေး=ဆူမို..(ဟီးဟိ)
မေမြို့သူစစ်စစ်လေး...
မေမြို့မှာမွေး..
မေမြို့မှာကြီး...
မေမြို့မှာပညာနို့ရည်သောက်(မန်းလေးလဲပါတာပေါ့နော်
မပြီးဆုံးခဲ့ရတဲ့ပညာရေးတစ်ပိုင်းတစ်စနဲ့)
အခုတော့....
..ဘ၀ရဲ့စားဝတ်နေရေးကြောင့်..
ပျော်ရာမှာမနေရ...တော်ရာမှာနေနေရတဲ့ဘဝ
သြော်....ဘွ..ဘွ..(ဟီးး)

singaporeမှာတော့ dragon fruitလို့ခေါ်တယ်။

နဂါးမောက်သီးလို့ ခေါ်တာပဲ...။
ယပက်လက်တွေက နဂါးသီလို့ စလုံးတွေ ခေါ်သလို အလွယ်ခေါ်ကြတာပဲ...။
ဟုတ်မျာပါ...။ နဂါးကြီးအမောက်ထောင်သလို ဘာလိုလိုနဲ့...။