9/20/2008
တိုဟူးပြားသုတ်
မတန်ခူးကအီတယ်ဆိုလို့..တိုဟူးပြားသုတ်လေးလုပ်စားကြည့်ပါ့လား
ပန်းကန်းတစ်လုံးထဲမှာ
ကြက်သွန်ဖြူနုတ်နုတ်စင်းထား..နှမ်းလှော်မှုန့်ဆီချက်.ကြက်သွန်ဖြူဆီချက
်.ငြုပ်သီးဆီချက်..ကြာညိုအငန်(ပဲငံပြာရည်)
ရှာလကာရည်...သကြားနဲနဲထဲ့..ပြီးတော့အစာတွေကိုတူလေးနဲ့မွှေပေးထား..
တိုဟူးဖြူကိုပန်းကန်းပြားထဲ့အသင့်ပြင်ထား..ပြီးတော့..
ဒါးလေးနဲ့အပေါ်ကနေအနေတော်လောက်စိပ်ပေး
ပြီးရင်စပ်ထားတဲ့အစာကိုတိုဟူးအပေါ်ကနေလောင်းချ..
ပြီးရင်နံနံပင်စိပ်ထဲ့ပေးပြီးရင်..စားနိုင်ပါပြီ
ပုံထဲက.. ဆေးဘဲဥနဲ့ သခွားသီးခင်းထားတာပါ..
အဟီးး..ကိုယ့်ဘလော့လည်း..ဟင်းချက်ဝေမျှတဲ့ဘလော့ဖြစ်နေပြီ..
အမေသာတွေ့ရင်ကိုယ့်ကိုဟားအုန်းမယ်..ငှဲငှဲ
6 comments:
  1. စားချင်တယ် စားချင်တယ် ရှယ်ပဲနော်
    မဇနိ
    ReplyDelete
  2. မနိရေ..
    လုပ်စားကြည့်....
    ချဉ်ချင်္သစပ်စပ်လေး...စားကောင်းတယ်..
    ReplyDelete
  3. ညီမလေးပြင်ထားတဲ့ပုံလေးတွေ ကြည့်ရတာလေ ဂျပန်က ဟင်းပွဲတွေ ပြင်ထားသလိုပဲ စိတ်ဝင်စားဖို့ကောင်းတယ်.. အရသာတော့ ပြောဖို့မလိုတော့ဘူး.. :) ကောင်းမယ်ဆိုတာ ယုံကြည်ပြီးသား.. :)
    ReplyDelete
  4. နုစံရေ..
    လုပ်စားကြည့်နော်..
    နုစံကဂျပန်မှာနေတာဆိုရင်တိုဟူးဘူး
    to-fu၀ယ်လို့ကောင်းတယ်..
    ပေါက်ကတော့..ကြ်ဥတိုဟူးဘူးဝယ်သုတ်တာ..
    ကြက်ဥတိုဟူးကနဲနဲမာတယ်..ဆိုတော့...ပိုစားကောင်းတယ်..
    ReplyDelete
  5. တို့ဟူးကို ပြန်မချက်တော့ဘူးလား။ ပြုတ်တာတို့  မိုက်ခရိုဝေ့ထဲ ထဲ့တာတို့ ကြော်တာတို့ မလုပ်ဘူးလား
    ReplyDelete
  6. ဆောင်းရေ..
    အခုတိုဟူးက အေးအေးလေးစားရတာ..
    ချြက်စရာလဲမလိုဘူး..ပြုပ်စရာလည်းမလိုဘူး
    မိုက်ခရိုဝေ့ဖ်နဲ့အပူပေးစရာလည်းမလိုပါဘူး
    အပေါ်က ပြောထားတဲ့အစာတွေလောင်းချရုံပါပဲ
    ကျွန်တော်ကတော့ ကြက်ဥတိုဟူးကိုကြိုက်တယ်
    ပိုမာမာလေးဖြစ်နေလို့..
    ပုံမှာပြထားတယ်နော်..
    ရိုးရိုးတိုဟူးဆိုလည်းရပါတယ်..
    မသိတာရှိရင်ထပ်မေးပါ..
    ရာသီဥတုအေးပြီဆိုရင်..ပူပူလေးလုပ်စားရတဲ့
    ပဲပြား တင်ပေးပါအုန်းမယ်..
    စပ်စပ်လေး..အချဉ်ရည်မပါ...
    ReplyDelete