ကြက်ဥကဇော်


ဒီနေ့..နည်းနည်းနေမကောင်းချင်တာနဲ့..

ကဇော်(ကောက်ညှင်းအရက်...အရက်မဖြစ်ခင်လို့ပြောရမလား)

ဝယ်ပြီး..ကြက်ဥ၂လုံးနဲ့..သကြားနဲနဲ..ထောပတ်...နို့ခြောက်..ထဲ့ပြီးချက်စားဖြစ်တယ်..

မိန်းကလေးတွေနဲ့သင့်တော်တဲ့အစာလေးပါ..
တစ်လတစ်ခါနေမကောင်းဖြစ်တဲ့အခါစားဖို့ ပိုသင့်တော်ပါတယ်..
ဆောင်းတွင်းခြေလက်အေးတတ်ရင်လည်း..ပူပူလေးချက်စားပေးရင်..အအေးသက်သာတယ်..
မေမြို့မှာဆိုရင်တော့..ဈေးလေး(ညံတောဈေး)မှာပလက်စတစ်အထုပ်လေးတွေနဲ့ရနိုင်ပါတယ်..

7 comments:

မစားဖူးဘူး ဒါမျိုးလေး။ မိန်းကလေးနဲ့ သင့်တော်တယ်ဆိုလို့ စားတော့ စားချင်နေတာ။ လာလာကြည့်တာ ခဏခဏရှိပေါ့။ မြန်မာပြန်မှလုပ်စားကြည့်အုံးမယ်

ပေါက်ရေ ကွန်းမန့်က မဇနိပေးသွားတာနော် နာမည်ထည့်ဖို့မေ့သွားလို့နော်

မနိရေ...
လာလည်တဲ့အတွက်ကျေးဇူးအထူး...
ကြက်ဥကဇော်လုပ်စားတာ..မနိဆီမှာလည်းလုပ်စား..ရတယ်..
မနိကအခုဂျပန်မှာနော်...
တရုတ်ဆိုင်တွေမှာသွားမေး酒釀 ဆိုပြီးမေးကြည့်
ပုလင်းလေးတွေနဲ့ထဲ့ထားတာ..
တစ်ပုလင်းဆို...၅ခါလောက်ချက်စားလို့ရတယ်..
နို့ခြောက်ကတော့ရှိမှာမဟုတ်ဖူး..မထဲ့လည်းရတယ်..
ထောပတ်ကအိုးချမှထဲ့စားမွှေးမွှေးလေး..
အရင်..ကဇော်၎..၅ဇွန်းလောက်ကို..ချက်မဲ့အိုးလေးထဲထဲ့..
ရေ..၂၅၀~၃၀၀စီစီလောက်ထဲ့..သကြားကိုယ်လိုအပ်သလောက်ထဲ့
မီးဖိုးပေါ်တင်ပြီး..ပွက်လာရင်..ကြက်ဥ၂လုံးဖောက်ထဲ့..
၂မိနစ်လောက်ဆိုမိးဖိုပေါ်ကချ..ထောပတ်လေးထဲ့..
ပြီးရင်..ကိုယ်စားမဲ့ပန်းကန်းထဲ့ထဲ့စား..
ကြက်ဥကို ကျက်မှစားတတ်ရင်..နဲနဲကြာကြာချက်ပေါ့
ယူနန်လူမျိုးတွေကတော့...ဆောင်းတွင်းဆိုစားကြတယ်..
မီးနေသည်လည်းနေ့တိုင်းစားရတယ်..
မိန်းကလေးတွေလာနေကြဧည့်သည်(၁လ၁ခါ)လာရင်..
စားကြတယ်လေ..
မနိလုပ်စားကြည့်နော့..

ပေါက်ရေ ကျေးဇူးတင်တယ်နော်
တရုတ်ဆိုင်တွေ ရောက်ဖြစ်တယ် မေးကြည့်အုံးမယ်
သေချာပြောပြတာ တကယ်ကျေးဇူးတင်တယ်နော်
ကြက်ဥတော့ ကျက်မှစားတတ်တာ ကြာကြာလေးချက်လိုက်မယ်
မဇနိ

ကိုပေါက်ရေ… နောက်တခါဆို လုပ်နည်းလေးပါတင်ပေးပေါ့… နဲနဲအီမယ့်ပုံနော်… ကျန်းမာရေးကောင်းတယ်ဆိုတော့ စားကြည့်ချင်သား….

မနိ...
ကျေးဇူးမလိုပါ...
ကျွန်တော်လည်းမနိတို့ဖက်သွားသွားကြည့်ပြီး
စမ်းချက်တာပဲ...
မတန်ခူးရေ...
ကိုပေါက်မဟုတ်ဖူးနော်..ဟိဟိ
လာလည်တဲ့အတွက်ကျေးဇူး..
ကြက်ဥကဇော်ကိုအီမှာစိုးရင်သကြားလျှော့ထဲ့ချက်လေ..
ထောပတ်မထဲ့လည်းရတာပဲ..
အဆင်ပြေပါစေ..
ပေါက်

လုပ်စားကြည့်မယ်.. လုပ်စားကြည့်မယ်.. မဇနိအရင်စမ်းလုပ်ကြည့်နော်.. :D
မီးနေသည်၊ မိန်းကလေးတွေအတွက် သင့်တော်တယ်ဆိုလို့ စိတ်ဝင်စားတယ်.. :)