သူများတွေ ဘာလော့ ဘလော့နဲ့ဖြစ်နေချိန်မှာ...
ကျွန်တော်ကတော့...စိတ်ကိုမ၀င်စားခဲ့ပါဘူး..
ညီမလေးကဘယ်ဘလော့...ဘယ်ဘလော့သွားကြည့်ပါ့လား...လို့ဆိုလာရင်..
အာ....ငါမသွားချင်ပါဘူး..ပျင်းတယ်...လို့ပြောနေကျ...
သူငယ်ချင်းတွေက...ငါ့ဘလော့လာလည်စမ်းပါလို့ဆိုရင်...
ဘာလို့လာလည်ရမှာလဲ...မလာချင်ပါဘူးလို့ငြင်းမြဲ.....
တစ်နေ့..ဆရာဦးတင်မိုးရဲ့ကဗျာလေးကိုဖိုရမ်တစ်ခုက မိုးမခဘလော့မှကူးယူပါသည်လို့ဆိုတာနဲ့...
အဲ့ဒီကခြေရာခံလို့...မိုးမခက မိုးချိုသင်းဘလော့ကကူးယူတယ်လို့ဆိုပြန်ပါတယ်...
အဲ့တုန်းက မိုးချိုသင်းဆိုတာ ဘယ်သူမှန်းမသိခဲ့ရိုးအမှန်ပါ...
မိုးချိုသင်းဘလော့က အဲ့နေ့က မှတ်မှတ်ယယ ရီယိုဟွန်ဒိုင် တက္ကသိုလ်အကြောင်းရေးတာ...
ကျွန်တော့်ရင်ထဲနွေးထွေးသွားပါတယ်...
ဒါပေမယ့်..အဲ့အချိန်ထိ ဆရာဦးတင်မိုးကိုဆိုလိုမှန်းမသိသေးဘူး...
တခြားပို့စ်တွေလိုက်ဖတ်တော့မှပဲရေလည်တော့တယ်...
အဲ့ဒီကနေ...မတန်ခူး။မဇနိ။မနုစံတို့ရဲ့ comments တွေနဲ့ရင်းနှီးနေခဲ့ပါတယ်...
အခုတော့.....
ဘလော့ရောဂါစွဲကပ်သွားပါပြီ...(ဟီဟိ)
ကျွန်တော့်နေ့ရက်တွေအတွက်`` မရှိမဖြစ်ဘလော့`` ဖြစ်လို့နေပါပြီ...

5 comments:

ရေးပါဗျိုး
အားပေးနေပါတယ်...... စာတွေ ကဗျာတွေ အတွေးတွေ ဗဟုသုတတွေ အကုန်သာရေး....
စောင့်ဖတ်မယ်ဗျို့

လာလည်တဲ့အတွက်...
ကျေးဇူးပါ။။
ကိုဇနိလား..မဇနိလားတော့မသိဘူး...ဟီ
ရေးတာတွေ ကပေါက်တိကပေါက်ချာဖြစ်နေရင်
သည်းခံဖတ်ပါ...
(ဟဲဟဲ...ကြိုမှာထားတာ...)

မှန်မှန်သာရေး… အားပေးနေမယ်နော်… ဘလော့ဂ် ရောင်းရင်းတယောက်တိုးတာပေါ့… ဒါနဲ့ ဂျပန်လိုတွေလားဟင်… မှန်းပြီး ကော်မန့် ပေးလိုက်တာ… ဖြစ်သားပဲ… ဟိဟိ…

အယ်.. Pauk ရေ.. အမ ဟိုတရက်က လာချောင်းပါတယ်.. ဒါပေမယ့် ဘာမှ မတွေ့ပဲ ပြန်သွားရတယ်.. အခုတခေါက်ထပ်ရောက်တော့ ပို့စ်လေးတွေ တင်ထားတာ တွေ့လို့ ဖတ်ကြည့်လိုက်တာ စားစရာတွေကိုမြင်ပြီး သွားရည်တွေ သုတ်နေရတယ်.. :P

ပေါက်ရေ
အမ အဖေရဲ့ ကဗျာလေးကို ဖတ်လို့ စိတ်ဝင်စား နွေးထွေး သွားတယ်ဆိုလို့ ၀မ်းသာ ကျေးဇူးတင်ပါတယ်။
အမလဲ ညီမ လင့်ခ်လေးကနေ လိုက်လာတာ။
ခုမှ ရောက်ဖူးတာ။ စားစရာတွေကတော့ ရှယ်ပဲကွာ..